မြန်မာ့နွေဦး

အလှူရှင် မရောက်သေးတဲ့ ကလောနဲ့ သာစည်ကြားက ရေဘေးသင့်ကျေးရွာတွေမှာ အကူအညီလိုအပ်နေ

မဲခေါင် 20 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၂၀ ရက် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကလောနဲ့ သာစည်မြို့နယ်ကြားက ရေဘေးသင့် လယ်ပြင်ကျေးရွာအုပ်စုမှာ အကူအညီတွေလိုအပ်နေကြတယ်လို့ ရေဘေး ပြန်လည်ထူရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကလောမြို့ပေါ်မှာ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ ပေါများပေမယ့် လယ်ပြင်ကျေးရွာအုပ်စုမှာတော့ လွန်ထိုးကျေးရွာအပါအဝင် ကျေးရွာအများစုမှာ အကူအညီမရသေးတာပဲ ဖြစ်ပါတယ်။ “ကျနော်တို့ ထိပ်ဆုံးသွားတာပါ။ ဘယ်အဖွဲ့မှကို မရောက်သေးပါဘူး။ လမ်းတွေက ချင်းပြည်လမ်း အတိုင်းပါပဲ။ မဲနယ်တောင်ထက် ဆိုးပါတယ်။ မောင်းရဲဖို့ လိုပါတယ်။ ဟိုရောက်ရင် လူမှဟုတ်ကြရဲ့လားလို့ အံ့ဩရပါမယ်။ တော်တော်လေး ခက်ခဲဆင်းရဲနေကြတာပါ” လို့ အလှူရှင် တစ်ဦးက ပြောပါတယ်။ ကလောမြို့၊ View Point လမ်းအတိုင်း သွားရတဲ့

မဲခေါင်၊ စက်တင်ဘာ ၂၀ ရက်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကလောနဲ့ သာစည်မြို့နယ်ကြားက ရေဘေးသင့် လယ်ပြင်ကျေးရွာအုပ်စုမှာ အကူအညီတွေလိုအပ်နေကြတယ်လို့ ရေဘေး ပြန်လည်ထူရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကလောမြို့ပေါ်မှာ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ ပေါများပေမယ့် လယ်ပြင်ကျေးရွာအုပ်စုမှာတော့ လွန်ထိုးကျေးရွာအပါအဝင် ကျေးရွာအများစုမှာ အကူအညီမရသေးတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ ထိပ်ဆုံးသွားတာပါ။ ဘယ်အဖွဲ့မှကို မရောက်သေးပါဘူး။ လမ်းတွေက ချင်းပြည်လမ်း အတိုင်းပါပဲ။ မဲနယ်တောင်ထက် ဆိုးပါတယ်။ မောင်းရဲဖို့ လိုပါတယ်။ ဟိုရောက်ရင် လူမှဟုတ်ကြရဲ့လားလို့ အံ့ဩရပါမယ်။ တော်တော်လေး ခက်ခဲဆင်းရဲနေကြတာပါ” လို့ အလှူရှင် တစ်ဦးက ပြောပါတယ်။

ကလောမြို့၊ View Point လမ်းအတိုင်း သွားရတဲ့ တောင်ပေါ်က လွန်ထိုးရွာဟာ တစ်ရွာလုံး ရေအောက်ရောက်ရှိနေပြီး တောင်တက်တဲ့ လမ်းတစ်လျှောက်မှာလည်း ရွှံ့နွံတွေ ထူထပ်နေတာကြောင့် ကားအမြင့် ၄ ဘီးယက် ကားတွေနဲ့သာ သွားနိုင်မယ်လို့ ဆိုပါတယ်။

ရွာအဝင် လမ်းတစ်လျှောက်မှာ ဝပ်ရှောပ့်တွေနဲ့ စားသောက်ဆိုင် မရှိတာကြောင့် အလှူရှင်တွေ အနေနဲ့ ကားဘီးအပို၊ စားနပ်ရိက္ခာတွေ အစုံအလင် ယူဆောင်သွားသင့်တယ်လို့ ထိပ်ဆုံးရောက် အလှူရှင်တွေက အကြံပြုပါတယ်။

လတ်တလောမှာ စားနပ်ရိက္ခာ၊ မီးသွေးခဲ၊ စောင်၊ အဝတ်အထည်နဲ့ ဆေးပစ္စည်းတွေ လိုအပ်နေပြီး ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေမယ့် ဝမ်းနူးစာတွေကိုတော့ မလှူဒါန်းစေချင်ဘူးလို့ ရွာခံတွေဆီက သိရပါတယ်။

“အလျှံပါယ် ဖြစ်နေတဲ့ နေရာတွေ လှူမယ့်အစား ဘယ်သူမှ မရောက်တဲ့ ရွာတွေကို လှူစေချင်ပါတယ်။ ထမင်းမစားရတာချင်း တူတူဆိုရင်တောင် အဲဒီရွာက ပိုငတ်ပါတယ်။ အလှူရှင် မလာခင်ကဆို ထမင်းမစားရတာ ၄ ရက်ရှိပြီတဲ့” လို့ အလှူရှင် နောက်တစ်ဦးက ပြောပါတယ်။

လွန်ထိုးရွာမှာ ဖုန်းနဲ့ အင်တာနက်လည်း ပြတ်တောက်နေသလို ရေအနည်းငယ် ကျဆင်းသွားတာကြောင့် ရွှံနွံတွေထူထပ်နေပြီး တစ်အိမ်နဲ့ တစ်အိမ် သွားလာဖို့တောင် ခက်ခဲနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ ရေဘေးအနေနဲ့ ရွာပေါင်း ၁၇၁ ရွာ နစ်မြုပ်သွားပြီဖြစ်တဲ့ အင်းလေးဒေသဟာ စိုးရိမ်နေရပြိး ဒီနေ့မနက်ပိုင်း တောင်ကြီးမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှု ပြန်လည် ဖြစ်ပေါ်နေပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံ ဖြစ်ပေါ်နေပြီး ရာဂီ မုန်တိုင်း အဖျားခတ်မှုကြောင့် စက်တင်ဘာ ၁၉ ရက်အထိ မိုးများနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းချက်က သတိပေးထားပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now