မဲခေါင်၊ စက်တင်ဘာ ၁၆
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နဲ့ မိုင်းတုံခရိုင် ၂ခုမှာ ရေကြီးခဲ့လို့ တောင်ပြို၊ တံတားတွေပျက်ပြီး စက်သုံးဆီသယ်မရတာ၊ ဆက်သွယ်ရေး Tower တိုင်တွေ ပြိုကျတာတွေကြောင့် အင်တာနက်၊ ဖုန်းလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကနေ ၁၂ရက်အထိ မိုးသည်းထန်ကာ ရက်ဆက်ရွာသွန်းခဲ့လို့ တောင်ကျချောင်းရေတွေကျဆင်းကာ ရေကြီးတိုက်စားလို့ တောင်တွေပြိုပြီး တံတားတွေပျက်စီးခဲ့တာ ဖြစ်ပါတယ်။
မိုင်းတုံနဲ့ တာဆန်း(သံလွင်မြစ်)တောင်ပေါ်ကားလမ်းက ပင်လယ်ရေမျက်နှာပြင်အထက် ၅၂၅၀မြင့်တဲ့ လွယ်ပွတ်တောင်ထိပ်ပြိုကျသွားသလို မိုင်းတုံမြို့အထွက် တံတားလဲရေတိုက်စားလို့ ပျက်စီးသွားတယ်လို့ မိုင်းပန်-မိုင်းတုံ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“တောင်ပြိုလို့ ကားပြန်လှည့်ရတာ၊ မိုင်းပန်ဘက်လဲ တောင်တွေပြိုတဲ့နေရာအများကြီး” လို့ သူက ပြောပါတယ်။
ပုံပါ ကျင်- မိုင်းတုံကြားက မြေနီတောင်တံတား ပျက်စီးနေကာမိုင်းတုံ-မိုင်းဆတ် ကြားက ၉မိုင်နဲ့ အခြားတံတား၂ခု ပျက်စီးခဲ့ပြီး မိုင်းဆတ်-တာချီလိတ်ကြား က အဓိကတံတားတွေဖြစ်တဲ့ မြို့အဝင်ဆိုက်ခေါင်တံတားနဲ့ မြို့က ၃မိုင်ဝေးတဲ့ နမ့်ကျန်းတံတားတွေ ပျက်စီးကာငါးရှဥ့်တောင်၊ ရွှေနီရွှေတောင်နေရာတွေ မြေပြိုကျမှုတွေဖြစ်နေတာ ဖြစ်ပါတယ်။
ဆက်သွယ်ရေးတာဝါတိုင် တချို့ လဲပြိုခဲ့ပြီး စက်အချို့ ချို့ယွင်းကုန်လို့ ဖုန်းလိုင်း၊ အင်တာနက်နဲ့ ဝိုင်ဖိုင် လိုင်းတွေ ပြတ်တောက်ကုန်တာ ဖြစ်ပါတယ်။ မိုင်းဆတ်နေရာအချို့မှာ CDMA800 ဖုန်းတချို့ရနေပြီး ပုံပါကျင် နယ်စပ်အနီးနေရာတွေမှာ ထိုင်းဖုန်းတချို့ ဆက်သွယ်လို့ရနေတယ်လို့ သိရပါတယ်။
မြို့ရွာတွေအကြားမှာတော့ အသွားအလာကို လားဟူရွာတွေက ဖြတ်လမ်းတွေ မြေဖို့ပြီး ပို့ဆောင်ပေးတာ ရှိနေပြီး လူတစ်ဦးကို ကျပ်ငါးသောင်းပေးရတယ်လို့ မိုင်းတုံဒေသခံတွေထံက သိရပါတယ်။
အဲဒီမြို့တွေမှာ ဆိုင်ကယ်ကအစသွားလာမရဘဲ လမ်းပန်းဆက်သွယ်ရေးခက်နေတာကြောင့် စက်သုံးဆီကို ခွဲတမ်းနဲ့ရောင်းချနေပြီး ဆိုင်ကယ်တစ်စီး တစ်လီတာ၊ ကားတစ်စီး ၁၀ လီတာသာ ရောင်းချပေးနေရာကနေ လတ်တလောမှာ ဆီပြတ်တောက်လို့ဆီပန့်တွေ ပိတ်ထားရတယ်လို့ သိရပါတယ်။
MK – 012
မိုးများရေကြီးလို့ ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်၂ခုမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေ
မဲခေါင် 16 Sep - 2024
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နဲ့ မိုင်းတုံခရိုင် ၂ခုမှာ ရေကြီးခဲ့လို့ တောင်ပြို၊ တံတားတွေပျက်ပြီး စက်သုံးဆီသယ်မရတာ၊ ဆက်သွယ်ရေး Tower တိုင်တွေ ပြိုကျတာတွေကြောင့် အင်တာနက်၊ ဖုန်းလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။













