မဲခေါင်၊ စက်တင်ဘာ ၁၂
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံမှာ ဆက်တိုက်တိုက်ခတ်ခဲ့တဲ့ ယာဂီစူပါ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံး သူပေါင်း ၁၅၀ ကျော်သွားပြီဖြစ်ပြီး ၁၄၀ ကျော်လည်း ပျောက်ဆုံးနေရကြောင်း ဗီယက်နမ်အစိုးရက စက်တင် ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
မြို့တော်ဟနွိုင်းက မြစ်နီဟာလည်း နှစ်ပေါင်း ၂၀ အတွင်း မြစ်ရေအမြင့်ဆုံးအမှတ်ကို ရောက်ရှိနေခဲ့တာကြောင့် မြစ်ကမ်းပါးပြိုမှုတွေလည်း ဆိုက်တိုက်ရှိနေတဲ့အတွက် ထောင်ပေါင်းများစွာသော ကမ်းပါးနေပြည်သူတွေကို မြို့တွင်းပိုင်းက ဆွေမျိုးနဲ့ စောင့်ရှောက်ရေးစခန်းတွေဆီ ရွှေ့ပြောင်းထားရှိရပြီး မိုးက ရက်တိုက်သည်းနေသလို မြစ်ရေလည်း ဆက်ပြီး တိုးနေခဲ့ကြောင်း ဟနွိုင်းရဲအရာရှိတစ်ဦးက AFP သတင်းဌာနမှာ ပြောကြားသွားပါတယ်။
ဗီယက်နမ်ဝေးလံသီခေါင်တဲ့တောင်တန်းဒေသ လာအိုကိုင်ခရိုင် လန်နူရွာကလေးမှာလည်း စက်တင်ဘာ ၁၀ ရက် နေ့က မိုးကြီးမြေပြိုလို့ မိသားစု ၃၅ စုနေထိုင်တဲ့ ရွာမှာ အနည်းဆုံး ၂၂ ယောက်သေဆုံးခဲ့ရပါသေးတယ်။
တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ ပျောက်ဆုံးနေသူပေါင်း ၁၄၀ ကျော်ရှိတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ဟာဂီမုန်တိုင်းအရှိန်ဟာ ဗီယက်နမ်ရဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကိုလည်း သက်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံ မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး တာချီလိတ်၊ မြ၀တီ၊ လယ်ဝေးမြို့တွေမှာ စိုးရိမ်စရာအခြေအနေ ရောက်ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာလည်း နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရက်ဆက် မိုးသည်းထန်လွန်းခြင်းနဲ့ မြစ်ရေကြီးခြင်းများ ဆိုးသထက်ဆိုးရွားလာနေပါတယ်။
ဒီနှစ်ရဲ့ အပြင်းထန်ဆုံး မုန်တိုင်း ဟာဂီကြောင့် ထိုင်း မြောက်ပိုင်းနေရာများစွာမှာ ရေဘေးကြုံနေရပြီး မိသားစုပေါင်း ၉၀၀၀ ကျော် ဒုက္ခခံနေရသလို လက်ရှိမှာ အနည်းဆုံး သေဆုံးသူ ၄ ယောက်ရှိခဲ့ပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်သွားပါတယ်။
မိုးလေဝသ သတင်းတွေအရ ဟာဂီမုန်တိုင်းရိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းဟာ စက်တင်လာ ၁၅ ရက်အထိ ဆက် လက်ဖြစ်ပွားနေဦးမယ်လို့ သိရှိရပါတယ်။
Ref: vnexpress
MKF-001











