မဲခေါင်၊ စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်မှာ မိုးသည်းထန်စွာ နေ့ညရက်ဆက် ရွာသွန်းနေလို့ နေရာများစွာမှာ မိုးကြီး၊ ရေလျှံ ဖြစ်ပေါ်နေပြီး စက်တင်ဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေမှာ ချင်းမိုင်ခရိုင် မယ်အိုင်စီရင်စုက တောင်ခြေရွာမှာ ရေကြီးပြီး မြေပြိုလို့ ၁ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
အခြားသတင်းရင်းမြစ်တစ်ခုမှာ ၆ ဦးအထိ ပျောက်ဆုံးနေတယ်လို့လည်း ဖော်ပြခဲ့ပြီး အိုင်မြစ်ဟာ ရေလျှံပြီး ကမ်းနဖူးတွေကိုတိုက်စားရာက မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ချင်းမိုင်ခရိုင် သဘာ၀ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာန၊ မြူနီစပယ်၊ စစ်တပ်၊ ရဲအရာရှိတွေနဲ့ ဒေသတွင်း စီမံခန့်ခွဲမှုအဖွဲ့တွေအားလုံး ပျောက်ဆုံးနေသူတွေကို အားချင်း ကယ်ဆယ်ဖို့ ညနေ ၅ နာရီမှာ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
မယ်အိုင် စျေးအနီး ရေကြီးရေလျှံနေတဲ့အထဲ ကလေးငယ်တစ်ယောက် အလောင်းမျောပါနေတာလည်း တွေ့ရပြီး ယာဉ်တွေ ဖန်သာတောင် လမ်းပိုင်းကို အထူးသတိပြုအသုံးပြုဖို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Ref: Matichon
MKF-001












