မဲခေါင် စက်တင်ဘာ ၇
တာချီလိတ်မြို့၊ တော်ကော့(တွင်း)ရပ်ကွက်မှာ စက်တင်ဘာလ ပထမပါတ်အတွင်း စစ်ဝတ်စုံတွေဝတ်ထားတဲ့ လူ ၇ ဦးခန့်က နေအိမ်အတွင်းဝင်ရောက်ပြီး ဓါးပြတိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဓါးပြတိုက်တဲ့အဖွဲ့မှာ လူ ၇ ဦးခန့်ပါပြီး သေနတ်တွေကိုင်ဆောင်လာကာ နေအိမ်အတွင်းဝင်ရောက်လာပြီး ရွှေ၊ ငွေနဲ့ လက်ကိုင်ဖုန်းတွေယူဆောင်သွားကာ ကားနဲ့ပြန်ထွက်သွားခဲ့တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဓါးပြတိုက်သူတွေဟာ ရွှေ ၆ ကျပ်သား၊ ကျပ်ငွေ သိန်း ၃၀၀ ကျော်နဲ့ ထိုင်းဘတ် ၃ သောင်းနီးပါး အပြင် လက်ကိုင်ဖုန်းတွေ အားလုံးယူယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“ စစ်ရောင် အဝတ်အစားတွေဝတ်ထားတာ၊ ပြည်သူ့စစ်ဝတ်စုံလား၊ စစ်တပ်ဝတ်စုံလားတော့ မသိကြဘူး။ အိမ်ထဲကလူတွေကိုတော့ ဘာမှမလုပ်သွားဘူး။ အိမ်ထဲရှိတဲ့ ဖုန်းတွေအကုန်သိမ်းသွားပြီး ပိုက်ဆံတွေယူသွားတယ်”လို့ တော်ကော့ရပ်ကွက်တွင်းနေသူတစ်ဦးက ပြောပါတယ်။
ဓါးပြတိုက်မှုနဲ့ပါတ်သတ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စုံစမ်းမှုတွေရှိခဲ့ပေမယ့် အခုထိ ဖမ်းဆီးရမိမှုမရှိသေးကြောင်း သိရပါတယ်။
တာချီလိတ်မှာ ၂၀၂၃ ခုနှစ်အတွင်းက အနုကြမ်းဆီးမှုနဲ့ ဓါးပြတိုက်မှုတွေ ဆက်တိုက်ရှိခဲ့ပေမယ့် ကျားဖြဲန်ငွေလိမ်ဂိုဏ်းတွေ ဆက်တိုက်ဖမ်းဆီးပြီးနောက်ပိုင်း ဓါးပြမှုဖြစ်ပွားတာမကြားရတော့ဘဲ အခုလပိုင်းမှ ပြန်လည်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
MK-002








