မဲခေါင်၊ စက်တင်ဘာ ၅
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးတွေများစွာ ပါဝင်လာတဲ့ ထပ်တိုးအင်အားသစ်၊ စုစုပေါင်းသင်တန်းသား ဦးရေ (၅၄)ဦးကို အပါတ်စဥ်(၃)အနေနဲ့ စစ်သင်တန်းပေးလျှက်ရှိတာကို သတင်းထုတ်ပြန်လာပါတယ်။
“ရန်သူအာဏာရူးများ ချေမှုန်းအမြစ်ဖြတ်မည်။ ဥာဏ်ပညာနဲ့ ဇွဲသတ္တိညီ စတဲ့ ကိုယ်စိတ်အင်အားတွေနဲ့ သင်တန်းလေ့ကျင့်နေတာ ဆင်းဖို့ နီးပါပြီ”လို့ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့ ဧပြီလက အပတ်စဥ် ၂မှာ ၈၅ ဦးဆင်းပြီးတဲ့နောက် ယခုသင်တန်း ဆက်ဖွင့်ရတာလို့ပြောပါတယ်။
တပ်ရင်းအတွင်း အင်အားသစ်တွေတိုးပွားလာသည်နဲ့အညီ စားနပ်ရိက္ခာလုံလောက်မှုရှိစေရေးဖို့ ခက်ခဲစွာကြိုးပမ်းနေရတာတွေ ရှိတာကြောင့် စားနပ်ရိက္ခာအတွက် သီးသန့် ထောက်ပို့မှုတွေကို တပ်ရင်းက လက်ခံလျှက်ရှိတယ်လို့ လည်းပြောပါတယ်။
ဖယ်ခုံ ၁၀၀၆ PDF တပ်ရင်းဟာ အခြားညီနောင် ရှမ်းတောင်တပ်ရင်းတွေနဲ့အတူ ရှမ်းကယားစစ်မျက်နှာမှာ စစ်အာဏာရှင်ကို တိုက်ထုတ်နေတာဖြစ်ပါတယ်။
MK-012













