မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းမြောက်၊ သီပေါမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်းမှာ သီပေါ စစ်ကောင်စီတပ် ခလရ ၂၃ လက်နက်ကြီးနဲ့ ပစ်လို့ နားမခေါ်ရွာနဲ့ ကျောင်းပြိန်းကျေးရွာမှာ ဒေသခံ ၃ ဦး ပြင်းထန် ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရလူနာတွေအနက် နားမခေါ်ရွာက လူနာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်လို့ ကုသနေဆဲ သေဆုံးသွားရတာဖြစ်ကြောင်း နယ်စည်းမခြား ပရဟိတအသင်းထံက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်ကလည်း ဇတ်စုညောင်ကိုးပင်နဲ့ နမ့်ပေါ့ဘက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးမှန်လို့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရသလို ကုံးစုံလီရှောရွာသား ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
TNLA၊ PDF တပ်ဖွဲ့တွေ သီပေါမြို့ကို စတိုက်ခဲ့တဲ့ သြဂုတ်လ ၁၀ရက်က ယနေ့ စက်တင် ဘာ ၃ရက်နေ့အထိ တိုက်ပွဲတွေကြား အရပ်သားပြည်သူ ၂၃ ဦး သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
MK-001








