မဲခေါင်၊ စက်တင်ဘာ ၁
ရုရှားသမ္မတ ပူတင်ဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ကို ရုရှားနဲ့ မွန်ဂိုးလီးယားတို့ အောင်နိုင်ခဲ့မှု ၈၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားအတွက် စက်တင်ဘာ ၃ ရက်နေ့မှာ မွန်ဂိုးလီးယားနိုင်ငံကို အလည်ရောက်ရှိလာမှာ ဖြစ်လို့ ယူကရိန်းအစိုးရက ပူတင်ကို ICC ဖမ်း၀ရမ်းထုတ်ထားမှုအရ ဖမ်းဆီးပြီး The Hague ဆီ ပို့ဆောင် ရုံးတင် နိုင်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
စစ်ဘုရင် ဂျင်ဂစ်ခန်ရဲ့ မွန်ဂိုးလီးယားနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် Rome Statute မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံထဲက တစ်နိုင်ငံဖြစ်တာကြောင့် မွန်ဂိုးလီးယားသမ္မတ ခါရယ်ဆက်ခ်မှာ ဖမ်းဆီးပိုင်ခွင့်ရှိ သလို ဖမ်းဆီးပေးရမယ့်တာဝန်လည်းရှိနေပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်ရာမှာ ယူကရိန်းကလေးငယ် ၁၉၅၀၀ ကို ရုရှား နိုင်ငံ ထဲ ခေါ်ဆောင်သွားမှုဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ICC က သတ်မှတ်ပြီး ၃၈၈ ယောက်ကိုသာ ပြန်ပို့ပေးဖို့ ပူတင်ကို စက်တင်ဘာလအတွင်း ဖမ်း၀ရမ်း ထုတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မနှစ်က ပူတင်ဟာ မွန်ဂိုးလီးယားလို ICC မှာလက်မှတ်ထိုးထားတဲ့ တောင်အာဖရိကနိုင်ငံက အစည်း အဝေးပွဲကို တက်ဖို့လုပ်ပြီးမှ ကရင်မလင်အစိုးရအဖွဲ့ဝင်တွေက ဖမ်းဆီးခံရမှာစိုးပြီး တိုက်တွန်းမှုကြောင့် မတက် ရောက်တော့ဘဲ ဗီဒီယိုကနေပဲ အစည်းအဝေးတက်ရောက်ခဲ့တာဖြစ်ပါတယ်။
အခု ပူတင် မွန်ဂိုးလီယားနိုင်ငံကို သွားမယ်ဆိုတော့ ယူကရိန်းအစိုးရက ICC အဖွဲ့ဝင်နိုင်ငံဖြစ်လို့ ဖမ်းဆီးခွင့်ရှိ သလို ဖမ်းဆီးရမယ့် တာဝန်လည်းရှိလို့ စစ်ရာဇဝတ်ကောင် ပူတင်ကို ဖမ်းဆီးပေးဖို့ တိုက်တွန်းထုတ်ပြန်သွား တာဖြစ်ပါတယ်။
ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ မွန်ဂိုးလီးယားနိုင်ငံအကြီးအကဲတွေဟာ ပူတင်နဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လို့ ဖမ်းဆီးခံရနိုင်ဖို့ ဘာအကြောင်းမှမရှိသလို စိုးရိမ်မှုလည်းမရှိ ကြောင်းနဲ့ နိုင်ငံရေးအရ ဒီလို ယူကရိန်းဘက်က ဖိအားပေးခြင်းဟာ ပိုပြီးတောင် အကျိုးအမြတ်ဖြစ်စေတယ် လို့ ရှင်းလင်းထုတ်ပြန်သွားပါတယ်။
Ref: The Sun
MKF-001








