မဲခေါင်၊ သြဂုတ် ၂၄
ဩဂုတ် ၂၄ ရက်နေ့မှာ ယူကရိန်းနိုင်ငံဟာ ဆိုဗိယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီးလွပ်လပ်ရေးရခဲ့တဲ့ ၃၃ နှစ် ပြည့်ဖြစ်တာကြောင့် နိုင်ငံတစ်ဝန်း ရုရှားတွေနဲ့ တိုက်ပွဲဆင်နွှဲရင်း လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပနေပြီး သမ္မတ ဇီလန်းစကီးက ရုရှားဟာ ယူကရိန်းကို ဖျက်ဆီးဖို့ ကြိုးစားနေခဲ့တာဖြစ်ပေမယ့် ခုတော့ စစ်ပွဲဟာ သူ့မိခင် နိုင်ငံ ရုရှားထဲကို ပြန်ရောက်သွားခဲ့ပြီလို့ ဗီဒီယိုမိန့်ခွန်းပြောကြားသွားပါတယ်။
လက်ရှိမှာ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက နယ်မြေတွေကို ထိုးစစ်ဆင် သိမ်းပိုက်နေပေမယ့် ယူကရိန်းတပ်တွေဟာလည်း ဩဂုတ် ၆ ရက်က စလို့ ရုရှားနိုင်ငံ ကက်ရှ်ဒေသထဲကို ဝင်ရောက်တိုက်ခိုက် သိမ်း ပိုက်မှုတွေလုပ်ဆောင်နေရာမှာ ရုရှားမြေ စတုရန်းမိုင် ၃၈၆ မိုင်အထိကို ပြန်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့် ၃၃ နှစ်မြောက် ယူကရိန်းလွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ဇီလန်းစကီးက ရုရှားသမ္မတ ပူတင်ကို ရင်ပြင်နီ က ဖျားနာနေတဲ့လူအိုကြီးလို ကင်ပွန်းတပ်ပြီး ယူကရိန်းကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ရုရှားနိုင်ငံအတွင်းဆီ စစ်ပွဲ က ပြန်လည်ရောက်ရှိသွားခဲ့ပြီလို့ ပြောကြားသွားခဲ့ပါတယ်။
ရုရှားနိုင်ငံထဲ စတင် ဝင်ရောက်တိုက်ခိုက်ရာ ဆူမီ ဒေသကို ရောက်ရှိနေတဲ့ ဇီလန်းစကီးက “ ရုရှားတွေ ထပ်ပြီး အံ့အားသင့်စေကုန်တယ်။ လက်စားချေခြင်းဟာ ဘယ်လိုလဲဆိုတာ သူတို့ သိကြရပြီ။ ကျွန်ုပ်တို့တိုင်းပြည်ပေါ် မှာ မကောင်းမှုမျိုးစေ့ချလိုသူတိုင်း သူတို့နယ်မြေပေါ်မှာပဲ အသီးအနှံတွေကို ပြန် ရိတ်သိမ်းရလိမ့်မယ်၊ ဒါဟာ ဟောကိန်းထုတ်တာမဟုတ်ပါဘူး၊ ကြည်နူးစရာမဟုတ်သလို မျက်ကန်းကလဲ့စားချေတာမဟုတ်ပါဘူး။ ဒါဟာ တရားမျှတမှုပါပဲ၊ ခု စစ်ပွဲဟာ သူ့အိမ်သူပြန်သွားခဲ့ပါပြီ”လို့ မိန့်ခွန်းပြောသွားခဲ့ပါတယ်။
Ref: Aljazeera
MKF-001










