အာစီယံဒေသတွင်း

ထိုင်းကာချုပ်ဟောင်း ပရာဝစ် သတင်းထောက်ကို ဖြတ်ရိုက်ခဲ့မှု ထိုင်းလွှတ်တော် စုံစမ်းစစ်ဆေးမယ်

မဲခေါင် 22 Aug - 2024
ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် သက်ဆင်ရဲ့ သမီး ပေထောင်တန်ကို ခန့်အပ်တဲ့ သြဂုတ် ၁၆ ရက်ပွဲအပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာဝစ်ဟာ ခန်းမထဲကအထွက် ThaiPBS မီဒီယာသတင်းထောက်မလေးတစ်ယောက်ကို ဖြတ်ရိုက်ခဲ့တဲ့ကိစ္စအတွက် ထိုင်းလွှတ်တော်က စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ သြဂုတ် ၂၂

ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် သက်ဆင်ရဲ့ သမီး ပေထောင်တန်ကို ခန့်အပ်တဲ့ သြဂုတ် ၁၆ ရက်ပွဲအပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာဝစ်ဟာ ခန်းမထဲကအထွက် ThaiPBS မီဒီယာသတင်းထောက်မလေးတစ်ယောက်ကို ဖြတ်ရိုက်ခဲ့တဲ့ကိစ္စအတွက် ထိုင်းလွှတ်တော်က စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းတွေမှာ သတင်းထောက်မလေးက ပေထောင်တန်ကို ဝန်ကြီးချုပ်သစ်ခန့်အပ်မှုအပေါ် ဘယ်လို မြင်သလဲလို့ မေးခွန်းမေးတာကို ပရာဝစ်က ဒေါသထွက်နေတဲ့ပုံနဲ့ သတင်းထောက်ခေါင်းကို ဆက်ကာဆက်ကာ ရိုက်နေလို့ ဘေးက ဘော်ဒီဂတ်တွေက ဆွဲခေါ်ပြီး ကားထဲ အတင်းတွန်းထည့် ခဲ့ရပါတယ်။

ပရာဝတ်ဟာ ပေထောင်တန်ရဲ့အဒေါ် ယင်းလတ် ဝန်ကြီးချုပ်ဖြစ်စဉ်က စစ်အာဏာသိမ်းပြီး ရာထူးက ဖယ်ရှား မှုမှာ အဓိက ဦးဆောင်သူဖြစ်သလို အဲဒီအာဏာသိမ်းပြီးကတည်းက ဒုတိယဝန်ကြီးချုပ်တာဝန်ကို ၂၀၂၃ အထိ ရယူပြီး လက်ရှိမှာတော့ အငြိမ်းစားနိုင်ငံရေးသမားအဖြစ် ဆက်လက်ရပ်တည်နေသူဖြစ်ပါတယ်။

သတင်းထောက်မလေးမေးခွန်းမေးချိန် “နင်ဘာမေးတာလဲ . . ဘာလဲ . . ဘာလဲ”လို့ ဆက်ကာမေးရင်း ရိုက်ခဲ့တာ ဖြစ်တဲ့အတွက် ThaiPBS မီဒီယာသာမက တစ်နိုင်ငံလုံးက မီဒီယာအဖွဲ့အစည်းတွေဟာ ပြည်သူအတွက် လွတ်လပ်စွာသတင်းမှန်တွေကို ဖော်ထုတ်တင်ပြခွင့်ရှိတဲ့ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်တာလို့ ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။

ပရာဝစ်က နောက်ပိုင်း သူနဲ့ ရင်းနှီးလို့ စခဲ့တာဖြစ်ကြောင်းနဲ့ ဆိုးရွားတဲ့ လုပ်ရပ်မဟုတ်ဘူးလို့သာ ရှင်းလင်းခဲ့တာ ကို အခု ထိုင်းလွှတ်တော်က စုံစမ်းစစ်ဆေးသွားဖို့ ရှိကြောင်းဩဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြစ်မှုထင်ရှားခဲ့ရင် ပရာဝစ်ဟာ လွှတ်တော်အမတ်နေရာကနေ ဖယ်ရှားခံရနိုင်သလို တစ်သက်တာ ဖယ်ရှာခြင်းခံရတဲ့အထိ ပြစ်ဒဏ်ခံရနိုင်ပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်က အွန်လိုင်းပေါ်မှာ ပရာဝစ် မတူညီတဲ့ ရိုးလက်စ်နာရီ ၁၁ လုံးအပါအဝင် အလွန်တန်ဖိုးကြီးတဲ့ နာရီပေါင်း ၂၂ လုံးကို ဝတ်ဆင်ခဲ့တဲ့ ပုံတွေ တင်ပြီး လာဘ်စားမှုကို မီးမောင်းထိုးပြခဲ့စဉ်ကလည်း အမျိုးသား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် က အမှုစွဲချက်ကို ပယ်ချခဲ့ပါတယ်။

Ref: straitstimes
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now