မဲခေါင်၊ သြဂုတ် ၂၁
ထိုင်းစစ်တပ်အကြီးအကဲတွေနဲ့ ကွန်ဆာဗေးတစ်ခရိုနီကြီးတွေအကြိုက် ဖွဲ့စည်းထားတဲ့ ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဟာ တစ်ပတ်အတွင်းမှာပဲ ရွေးကောက်ပွဲအနိုင်ရ သူ့ပါတီ Move Forward ကို ဖျက်သိမ်းခဲ့သလို ထိုင်းဝန်ကြီးချုပ် ဆရတ်သာကိုလည်း ရာထူးက ဖယ်ရှားခဲ့ပြီးနောက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ဖိထာ က ဒီမိုကရေစီခရီးသွား နေရာမှာ ဘယ်မှရှေ့မရောက်ဘဲ နှစ် ၂၀ အတွင်း အာဏာသိမ်းမှုတွေနဲ့ပဲ ဖန်တစ်ရာလည် နေတဲ့ စက်ဝိုင်းထဲမှာပဲ ပတ်နေတယ်လို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖွင့်ပြောသွားပါတယ်။
ဖိထာရဲ့ Move Forward ပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့ပေမယ့် ဖိထာကို ဝန်ကြီးချုပ် တင်မြှောက်ခွင့်ပိတ်ခဲ့သလို မကြာသေးခင်ကပဲ ပါတီကိုပါ ဖျက်သိမ်းလိုက်ပြီး ဖိထာအပါအဝင် ပါတီ အမှု ဆောင် ၁၀ ယောက်ကို နိုင်ငံရေးနဲ့ ၁၀ နှစ်မပတ်သက်ရလို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စီရင်ချက်ချလိုက်ပါ တယ်။
ဒါကြောင့် ဖိထာဟာ သူဘွဲ့ရခဲ့တဲ့ ဟားဗတ်တက္ကသိုလ်ဆီ ဒီမိုကရေစီဖော်ဆောင်ရေးသမားအဖြစ် ပြန်လည်သွားရောက်တာဝန်ထမ်းဆောင်မှာဖြစ်သလို ထိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလည်း သူ့ပါတီ ဝင်အားလုံးနဲ့ အသစ်ပြန်လည်ထူထောင်လိုက်တဲ့ ပြည်သူ့ပါတီနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သိရှိ ရပါတယ်။
ရိုက်တာနဲ့အင်တာဗျူးရာမှာတော့ ဖိထာက “ တိုးတက်ဖို့ ကြိုးစားလျှောက်လှမ်းနေမှုတွေဟာ ရှုပ်ယှက်ခတ် နေခဲ့တယ်။ ကျွန်တော်တို့ဟာ တစ်နေရာကို အရောက်ချီတက်နေကြတယ် ထင်စရာရှိပေမယ့် စက်ဝိုင်းကြီး တစ်ခုထဲမှာပဲ ပတ်နေပြီး ဒုံရင်းနေရာပဲ ပြန်ပြန်ရောက်နေတယ်။ တကယ်တမ်းက ဘယ်မှ မရောက်ဘူး။ ပြည်သူ့ ဆန္ဒပြည်၀ဖို့အတွက် သွားနေတာဟာ ဘယ်ခရီးမှမရောက်ဘူး။ ဒါကြောင့် တရားစီရင်ရေးစနစ်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းနိုင်မှပဲ ဖြစ်မယ်။ နိုင်ငံရေးလောကသားတွေအားလုံးတိုက်ပွဲဝင်သွားရမယ်” လို့ ပြောဆိုသွားပါတယ်။
Move Forward ပါတီဖျက်သိမ်းခြင်းအပေါ် ထိုင်းနိုင်ငံရဲ့ ပညာရှင်နဲ့ ဥပဒေပညာရှင် ၁၃၄ ယောက်က တရားစီရင် ပိုင်ခွင့်ကို ကျော်လွန်ပြီး အာဏာထူထောင်ထားပြီးသား စစ်ဘက်အကြီးအကဲတွေနဲ့ ခရိုနီတွေဟာ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ပြည်သူ့ဆန္ဒတွေနဲ့ ယုံကြည်ကိုးစားမှုတွေကို ရိုက်ချိုးဖျက်စီးတာဖြစ်တယ်လို့ ပူးပေါင်းလက်မှတ်ထိုးပြီး စာထုတ်ပြန်ခဲ့ပါတယ်။
Ref: straitstimes
MKF-001








