စစ်ရေးသတင်း

ညောင်ရွှေ လုံကန်ကျေးရွာက ကားပိုင်တွေကို PNO ဆပ်ကြေးကောက် ငွေတောင်း

မဲခေါင် 19 Aug - 2024
ရှမ်းတောင်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်က လုံကန်ကျေးရွာမှာ ကားပိုင်ရှိသူတွေကို သြဂုတ်လ ၁၈ ရက်စွဲနဲ့ PNO က ခြိမ်းခြောက်ကာ ဆပ်ကြေးကောက် ငွေတောင်းနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၁၉

ရှမ်းတောင်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်က လုံကန်ကျေးရွာမှာ ကားပိုင်ရှိသူတွေကို သြဂုတ်လ ၁၈ ရက်စွဲနဲ့ PNO က ခြိမ်းခြောက်ကာ ဆပ်ကြေးကောက် ငွေတောင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ယက္ခ ဆိုသူ ဦးဆောင်တဲ့အဖွဲ့က ခြိမ်းခြောက်ငွေတောင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

ပအိုဝ်းစာ အသုံးပြုထားတဲ့ ပအိုဝ်းအထူးဒေသ-၆ ခေါင်းစီးပါ စာမှာ လုံကန်ကျေးရွာအုပ်စုရှိ ကားပိုင်ရှင်တွေအနေနဲ့ အိမ်စီးကားဆို ကျပ် ၁ သောင်း၊ ကားကြီးဆိုလျှင် ကျပ် ၁ သိန်း အလှူငွေသဘောပေးရမယ်လို့ ရေးသား ပါရှိပါတယ်။

အဆိုပါ ယက္ခဆိုသူမှာ စစ်တပ်လက်ပါးစေ PNO တပ်ရင်း-၇ က ဖြစ်ပြီး နောင်ပီဂိတ်တောင်ဘက် ဂျာမနီလမ်း တီးလုံရွာဘက်ကို သွားပို့ရမယ်ပြောကြောင်း ရွာသားတွေထံက သိရပါတယ်။

“မပေးတဲ့ကား ဖျက်စီး မီးရှို့ပစ်မယ်လို့ပြောတယ်၊ လူလဲ မညှာဘူးတဲ့၊ အသက်ပါရန်ရှာမှာ”လို့ ဒေသခံ ၁ ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ဟာ ပြည်သူ့စစ်နာမည်ခံထားတဲ့ အကြမ်းဖက် ဓားပြအဆင့်သာရှိတဲ့ လက်နက်ကိုင်အဖွဲ့သာဖြစ်ပြီးပအိုဝ်းလက်နက်ကိုင် မဟုတ်ဘဲ လူမျိုးအမည်ခံကာ ဒေသခံတွေအပေါ် အကြမ်းဖက်၊ လုယက်၊ ပြန်ပေးဆွဲ၊ လူသတ်၊ အဓမ္မငွေတောင်းခံတဲ့လုပ်ရပ်ကိုလုပ်နေပြီး ပြည်သူကို ကိုယ်စားမပြုတဲ့စစ်ကောင်စီရဲ့လက်ကိုင်တုတ်အဖွဲ့သာ ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပအိုဝ်းဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

အင်းလေးဒေသက ရွာပေါင်း ၄၄၅ ရွာအနက် ကန်အရှေ့ဘက်မှာ ပအိုဝ်းလူမျိုးရွာ၈၀ ကျော်ကို စစ်ကောင်စီနဲ့ PNO တွေက ပုံစံအမျိုးမျိုးနဲ့ ငွေကြေးရယူခြင်း၊ ထမင်းထုပ်ဆင့်ခြင်းတို့အပြင် ရွာစဉ်လိုက်၊ လမ်းကြောအလိုက် ပိတ်ဆို့ကာ ဒေသခံတွေကို ညှဉ်းဆဲအနိုင်ကျင့်သတ်ဖြတ်နေတာလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now