မဲခေါင်၊ သြဂုတ် ၁၄
ရှမ်းတောင်၊ ဖယ်ခုံအနောက်ဘက်ခြမ်းက စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းကို Dove KK နဲ့ အရုဏ်ဦး လူငယ်အဖွဲ့တွေက ဆန်အိတ်တွေ သွားရောက် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်မှာ ဖယ်ခုံအနောက်ဘက်ခြမ်းက မိငန်းစစ်ရှောင်စခန်းနဲ့ စစ်ဘေးသင့်စစ်ရှောင် မိသားစု ၁၁၂ စု၊ လူဦးရေ ၄၅၆ ဦးကို Dove KK နဲ့ အရုဏ်ဦး လူငယ်အဖွဲ့တွေက ကာလတန်ဖိုး ကျပ် ၂၃ သိန်းရှိ ဆန်အိတ် ၂၇ အိတ်ကို သွားရောက်ကူညီ ဖြန့်ဝေလှူဒါန်းခဲ့တာပါ။
“အဲ့ဒီဒေသက ပိုက်ဆံရှိရင်တောင် ဆန်ရောင်းသူမရှိတဲ့ နေရာဒေသဖြစ်လို့ အရောက်သွားပြီး သယ်ဆောင်ကူညီလှူဒါန်းပေးရတာ”လို့ အရုဏ်ဦးလူငယ်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
လတ်တလောဝမ်းရေးအတွက် စားစရာဆန်ရရှိကြတော့ ဝမ်းသာပျော်ရွှင်နေကြတဲ့ စစ်ဘေးသင့်၊ စစ်ဘေးရှောင် တွေရဲ့ မျက်နှာမှာ ဝမ်းသာပီတိတွေ ဖုံးလွှမ်းနေကြသလို သွာရောက်ပေးလှူသူတွေလဲ ကြည်နူးဝမ်းသာကြရတယ်လို့ ပြောပါတယ်။
Dove KK အဖွဲ့၏ အဓိပ္ပါယ်မှာ ငြိမ်းချမ်းရေးဂျိုးဖြူငှက် အင်္ဂလိပ်လို Dove နဲ့ KK မှာ ကရင်နီ(ကယား)သင်္ကေတ ကိန္နီရီ၊ ကိန္နရာ မောင်နှံကိုအင်္ဂလိပ်လို အတိုကောက် ယူထားတာလို့ သိရပြီး အဖွဲ့ရဲ့ ဦးတည်ချက်တွေကတော့ လူနာတွေကို လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမရွေးကုသပေးတာ၊ ဘယ်လိုအရေးပေါ်အခြေအနေကြုံတွေ့နေပါစေ အသက်ကိုအဓိကမထားပဲ လူနာတွေကိုလက်လျော့ အရှုံးမပေး၊ တတ်တဲ့ပညာတွေနဲ့ လူသားမဆန်မှု တွေ အဖွဲ့အစည်းတွေကို အသုံးချမှာမှာ မဟုတ်၊ လူသားချင်းစာနာထောက်ထားတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တသားတည်း ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာတွေ လို့ သိရပါတယ်။
လူနာတွေကို ဆေးကုသတာတွေအပြင် လစဉ် ဆန်အိတ် Challenge မှာ ပြည်သူတွေ လှူဒါန်းတဲ့ ဆန်နဲ့စားနပ်ရိက္ခာတွေကို အလှူရှင်အဖွဲ့ကိုယ်စား သွားရောက်လှူဒန်းပေးနေပြီး ကလေးတွေအတွက်လည်း စိတ်ပိုင်းကုသမှုအဖြစ် သီချင်းတွေအတူဆို ကပြဖြေဖျော်တာတွေ လုပ်ဆောင်နေတဲ့တော်လှန်ထောက်ပို့ အဖွဲ့လို့ သိရပါတယ်။
MK-012













