မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှူးကို လိုင်းကြေးပေးထားတဲ့ ကျားဖြဲန်လုပ်ငန်းကို အမြောက်တပ်အရာရှိက ငွေဝင်တောင်းရာ စစ်ဗျူဟာက အမြောက်တပ် အရာရှိကို ပြန်ဖမ်း

မဲခေါင် 8 Aug - 2024
မဲခေါင်၊ သြဂုတ် ၈ တာချီလိတ်မြို့ ဆေခန်းရပ်ကွက်အတွင်းက တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ ကျားဖြဲန်ငွေလိမ်ဂိုဏ်းကို သြဂုတ် ၅ ရက်နေ့ ညက အမြောက်တပ်အရာရှိတွေက ဝင်ရောက်ဖမ်းဆီးဟန်ပြပြီး ငွေတောင်းခံရာ စစ်ဗျူဟာမှူးကို လိုင်းကြေးပေးထားတဲ့ လုပ်ငန်းနေအိမ်ဖြစ်နေလို့ တာချီလိတ်စစ်ဗျူဟာ အခြေချက ငွေတောင်းသူတွေကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ကွင်းအနီး ဆေခန်းရပ်ကွက်အတွင်းက တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ငွေလိမ်ဂိုဏ်းနေအိမ်ကို ဖမ်းဝါရမ်းမပါဘဲ စစ်ကောင်စီ အမြောက်တပ်က အရာရှိတွေနဲ့ ရဲတပ်သားပူးပေါင်းပြီး ဝါရမ်းမပါဘဲ နေအိမ်အတွင်း ဝင်ရောက်စီးနင်းပြီး ငွေကြေးတောင်းခံခဲ့တာဖြစ်ပါတယ်။ နေအိမ်အတွင်း ဝင်ရောက် ငွေကြေးညှိနှိုင်းနေချိန် တာဝန်ခံလိုင်းကြေးပေးထားတဲ့သူက ဗျူဟာမှူးကို ဖုန်းဆက်တိုက်ကြားခဲ့တဲ့အတွက် ဗျူဟာက ငွေကြေးတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ကို ပြန်လည်ပိတ်ဆို့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “အဲဒီနေ့ညက

မဲခေါင်၊ သြဂုတ် ၈

တာချီလိတ်မြို့ ဆေခန်းရပ်ကွက်အတွင်းက တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ ကျားဖြဲန်ငွေလိမ်ဂိုဏ်းကို သြဂုတ် ၅ ရက်နေ့ ညက အမြောက်တပ်အရာရှိတွေက ဝင်ရောက်ဖမ်းဆီးဟန်ပြပြီး ငွေတောင်းခံရာ စစ်ဗျူဟာမှူးကို လိုင်းကြေးပေးထားတဲ့ လုပ်ငန်းနေအိမ်ဖြစ်နေလို့ တာချီလိတ်စစ်ဗျူဟာ အခြေချက ငွေတောင်းသူတွေကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ကွင်းအနီး ဆေခန်းရပ်ကွက်အတွင်းက တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ငွေလိမ်ဂိုဏ်းနေအိမ်ကို ဖမ်းဝါရမ်းမပါဘဲ စစ်ကောင်စီ အမြောက်တပ်က အရာရှိတွေနဲ့ ရဲတပ်သားပူးပေါင်းပြီး ဝါရမ်းမပါဘဲ နေအိမ်အတွင်း ဝင်ရောက်စီးနင်းပြီး ငွေကြေးတောင်းခံခဲ့တာဖြစ်ပါတယ်။

နေအိမ်အတွင်း ဝင်ရောက် ငွေကြေးညှိနှိုင်းနေချိန် တာဝန်ခံလိုင်းကြေးပေးထားတဲ့သူက ဗျူဟာမှူးကို ဖုန်းဆက်တိုက်ကြားခဲ့တဲ့အတွက် ဗျူဟာက ငွေကြေးတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ကို ပြန်လည်ပိတ်ဆို့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“အဲဒီနေ့ညက ရပ်ကွက်ထဲမှာ စစ်ကားတွေရော လူတွေရော အတော်ရှုပ်သွားတာ ကျားဖြဲန်ဝင်ဖမ်းတာ။ တရုတ်တွေတော့ တစ်ယောက်မှမပါသွားဘူး။ ငွေဝင်တောင်းတဲ့ စစ်သားတွေကို မနက်ရောက်တော့ ပြန်လွှတ်ပေးလိုက်တယ်။ အရပ်သား နည်းနည်းတော့ဖမ်းထားတယ်ကြားတာဘဲ”လို့ ဆေခန်းရပ်ကွက်အတွင်း နေသူတစ်ဦးက ပြောပါတယ်။

ကျားဖြဲန်ငွေလိမ်ဂိုဏ်းလုပ်ကိုင်နေတဲ့အိမ်ဟာ လေးထပ်တိုက်ဖြစ်ပြီး တရုတ်နိုင်ငံသားအများစုလုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။ တာချီလိတ်မြို့အတွင်းက စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဝါရမ်းမပါ အထက်အရာရှိမသိဘဲ ယခုနောက်ပိုင်း ကျားဖြဲန်လုပ်ကိုင်နေတဲ့အိမ်တွေကို လူအင်အားနဲ့ လက်နက်ကိုင်ဆောင်ပြီး ငွေကြေးဝင်တောင်းတာတွေ ဆက်တိုက်ရှိလာတယ်လို့လဲ သိရပါတယ်။

“စစ်သားတွေက ဓါးပြတိုက်သလိုဘဲ သူတို့ဟာသူတို့ အောက်ခြေမှာ အချင်းချင်းညှိပြီး ကျားဖြဲန်လုပ်တဲ့အိမ်တွေကို သေနတ်တွေနဲ့ဝင်ပြီး ဖမ်းတာလဲမဟုတ်ဘူး ငွေတောင်းတာ၊ လိုင်းကြေးကလဲ အထက်ကိုဘဲရောက်တာ အောက်ခြေက မရကြတော့ သူတို့လဲ လုပ်ချင်ရာလုပ်နေကြတဲ့သဘောဘဲ”လို့ တာချီလိတ်ဒေသခံ တစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့ ရပ်ကွက်တွေအတွင်းမှာ တရုတ်နိုင်ငံသားတွေနဲ့ တိတ်တခိုးလုပ်ကိုင်နေတဲ့ငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ် စစ်ဗျူဟာမှူးကို လစဉ် ဘတ်ငွေ ၅ သိန်းနဲ့အထက်ပေးရပြီး ခရိုင်ရဲ၊ မြို့နယ်ရဲနဲ့ ရဲစခန်းမှူးအပါအဝင် ရပ်ကွက် အုပ်ကြီးတွေကိုလဲ အဆင့်ဆင့် လိုင်းကြေးပေးပြီး လုပ်ဆောင်နေကြတာလို့ သိရပါတယ်။

လားရှိုးမြို့မှာ စစ်ရှုံးနိမ့်လို့ ထွက်ပြေးနေရတဲ့ စကခ ၁၄ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးမှာ အရင်တာချီလိတ် အခြေချ စစ်ဗျူဟာမှာ ဗျူဟာမှူးအဖြစ် လုပ်ကိုင်ခဲ့စဉ် ကျားဖြဲန်ငွေလိမ်ဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ပြန်လည်ရောင်းချတာတွေရှိခဲ့တယ်လို့လဲ ဒေသခံတွေဆီက သိရပါတယ်။

MK – 002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now