မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲ စစ်ကောင်စီတပ် ၂၀ ခန့်သေပြီး PNDF – KK လက်နက်ငယ် ၁၁ လက် ရရှိထား

မဲခေါင် 7 Aug - 2024
မဲခေါင်၊ သြဂုတ် ၇ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အရှေ့ဘက် လွယ်ထွယ်နဲ့လွယ်သောင်ကျေးရွာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ PNO ၂၀ ခန့်သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာလက်နက်ငယ် ၁၁ လက် သိမ်းဆည်းရမိတယ်လို့ ကနဦးသိရကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် PNDF-KK ထံက သိရပါတယ်။ မနေ့ သြဂုတ်လ ၆ ရက် မနက်ပိုင်းမှာ ဆီဆိုင်မြို့နယ် ၊ လွယ်ထွယ်နဲ့ လွယ်သောင်ကျေးရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အကျအဆုံးများတာဖြစ်ပြီး လောလောဆယ် နယ်မြေမရှင်းရသေးဘဲ အကြမ်းဖျဉ်းစာရင်သာရှိသေးလို့ ဒိထက်ပိုနိုင်တယ်လို့ PNDF-KK တာဝန်ရှိသူက မဲခေါင်ကိုပြောပါတယ်။ “၆ ရက်နေ့ မနက်ပိုင်းက စဖြစ်တာ။ ၄၂၃ က စစ်ကူလာတာပေါ့လေ။ သူတို့အသေအပျောက်တော့ တော်တော်များတယ်။ လောလောဆယ်ရှင်းလင်းရေးတွေမလုပ်ရသေးတော့

မဲခေါင်၊ သြဂုတ် ၇

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အရှေ့ဘက် လွယ်ထွယ်နဲ့လွယ်သောင်ကျေးရွာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ PNO ၂၀ ခန့်သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာလက်နက်ငယ် ၁၁ လက် သိမ်းဆည်းရမိတယ်လို့ ကနဦးသိရကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် PNDF-KK ထံက သိရပါတယ်။

မနေ့ သြဂုတ်လ ၆ ရက် မနက်ပိုင်းမှာ ဆီဆိုင်မြို့နယ် ၊ လွယ်ထွယ်နဲ့ လွယ်သောင်ကျေးရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အကျအဆုံးများတာဖြစ်ပြီး လောလောဆယ် နယ်မြေမရှင်းရသေးဘဲ အကြမ်းဖျဉ်းစာရင်သာရှိသေးလို့ ဒိထက်ပိုနိုင်တယ်လို့ PNDF-KK တာဝန်ရှိသူက မဲခေါင်ကိုပြောပါတယ်။

“၆ ရက်နေ့ မနက်ပိုင်းက စဖြစ်တာ။ ၄၂၃ က စစ်ကူလာတာပေါ့လေ။ သူတို့အသေအပျောက်တော့ တော်တော်များတယ်။ လောလောဆယ်ရှင်းလင်းရေးတွေမလုပ်ရသေးတော့ စာရင်းမရနိုင်သေးဘူး။ လက်နက်ကတော့ ၁၁ လက်ရပြီ။ အခု လွယ်သောင်ထဲမှာ ရွာသားတွေကို ဖမ်းထားပြီး လက်နက်ကြီးနဲ့ရမ်းပစ်နေတယ်။ ဟောင်ဝစ်ဇာနဲ့ပါ ပစ်နေတာ” လို့ PNDF-KK က စစ်ရေးတာဝန်ခံ ခွန်မြတ်က မဲခေါင်ကို ပြောပါတယ်။

အရှင်ဖမ်းမိတဲ့ ၂ ယောက်ကို PNLA ကို အပ်ထားပြီး သူတို့ ၂ယောက်ဟာ ဒဏ်ရာအလွန်ပြင်းထန်ပြီး သေဆုံးဖို့ ရာခိုင်နှုန်းများတယ်လို့ ခွန်မြတ်က ပြောပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး လွယ်သောင်ရွာမှာ စစ်ကောင်စီနဲ့ PNO တွေ ရမ်းသန်းပစ်ခတ်နေဆဲဖြစ်နေတယ်လို့ သိရပါတယ်။

တပ်ပေါင်းစုအတွင်း PNDF-KK တပ်ဖွဲ့ဝင်တွေ အနေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာ ရင်ကာတွေ လိုအပ်ချုက်ရှိနေတဲ့အတွက် လှန်ပြည်သူတွေက ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ခွန်မြတ်က အထူး တောင်းဆိုပါတယ်။

သူတို့အဖွဲ့အနေနဲ့ လောင်စာပရောဂျက်ကို လုပ်နေဆဲဖြစ်ကာ ကျည်ကာ ဦးထုပ်ကမ်ပိန်းအတွက် ထိုင်းဘတ်ငွေ ၄၀၀၀ တန် အနည်းဆုံး ဦးထုပ် ၁ဝဝ လိုအပ်နေတယ်လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတောင်ပေါ်တပ်ဖွဲ့ – PNDF-KK အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်သုတ်သင်ဖို့အတွက် ပအိုဝ်းဒေသနဲ့ ရှမ်း၊ကယားနယ်စပ်တွေမှာ၊ PNLA နဲ့အခြား ရှမ်းတောင်တပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်နေတာအပြင် စစ်ဆင်ရေးတွေမှာ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်နေတာလို့ သိရပါတယ်။

သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ပုံများကို မဲခေါင်သတင်း Telegram Channel တွင် သွားရောက်ကြည့်ရှု့ပေးပါရန်
Telegram Link – t.me/mekongnewsmm

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now