မြန်မာ့နွေဦး

ရမခတိုင်းမှူးဟောင်း၊ စကခ ၁ မှူးနဲ့ ရမခ စစ်ဦးစီးချုပ်တို့ ၃ ဦးကို MNDAA ဖမ်းမိထား

မဲခေါင် 4 Aug - 2024
မဲခေါင်၊ သြဂုတ် ၄ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူချုပ်မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ ၃ ဦးကို ကိုးကန့်တပ် MNDAA က အရှင်လက်ရ ဖမ်းမိထားတာရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းက ရမခတိုင်းမှူးတာဝန်ကနေ အနားပေးခံထားရသူပါ။ သူရဲ့နေရာကို လက်ရှိ ရမခတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်စိုးလှိုင်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစားထိုးခဲ့တာပါ။ တပ်မ ၉၉ ရဲ့ တပ်မမှူးတာဝန်ယူခဲ့သူ လက်ရှိ ရမခတိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ရဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၄

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူချုပ်မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ ၃ ဦးကို ကိုးကန့်တပ် MNDAA က အရှင်လက်ရ ဖမ်းမိထားတာရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းက ရမခတိုင်းမှူးတာဝန်ကနေ အနားပေးခံထားရသူပါ။ သူရဲ့နေရာကို လက်ရှိ ရမခတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်စိုးလှိုင်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစားထိုးခဲ့တာပါ။

တပ်မ ၉၉ ရဲ့ တပ်မမှူးတာဝန်ယူခဲ့သူ လက်ရှိ ရမခတိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ရဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ သူတိုင်းမှူးတာဝန်ယူပြီး ရက်ပိုင်းအကြာမှာပဲ ရမခကို ကိုးကန့် MNDAA ပူးပေါင်းတပ်တွေက စီးနင်းသိမ်းပိုက်လိုက်တာပါ။

“လက်ရှိတိုင်းမှူးဟောင်းနဲ့ တိုင်းမှူးသစ်ကြားမှာ ရှုပ်ထွေးတဲ့ အနေအထားတော့ ရှိနေတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မြေပြင်သတင်းတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

တိုင်းမှူးတာဝန်ကို ယူခဲ့ပေမယ့် လားရှိုးမှာ ရုံးမထိုင်ဘဲ မူဆယ်မြို့မှ ကွပ်ကဲနေခဲ့ပြီး အခု ရမခ သိမ်းပိုက်ခံရချိန်မှာ ထွက်ပြေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မဲခေါင်သတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အခြေစိုက်တဲ့ စကခ-၁ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မျိုးမင်ထွေးဟာလည်း ယခုရက်ပိုင်းမှ ရာထူးတိုးထားပြီး MNDAA က ဖမ်းမိထားတယ်လို့ သိရပါတယ်။

လားရှိုးက စစ်ကောင်စီစခန်းတွေနဲ့ ရမခကို ကိုးကန့်တပ် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာမှာ ရမခအပါအဝင် စစ်ကောင်စီစခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရာထူးကြီးပိုင်းတွေဟာ အောက်ခြေတပ်သားနဲ့ ဒဏ်ရာရရဲဘော်တွေကို ထားခဲ့ပြီး မိသားစုဝင်တွေအပါ ၄၇၀ ကျော်ကို စစ်ဆေးရုံကနေ ကယ်တင်စောင့်ရှောက်ထားတယ်လို့ MNDAA က ဆိုပါတယ်။

စစ်တပ်သမိုင်းတလျှောက် တိုင်းစစ်ဌာနကြီးတစ်ခုလုံး သိမ်းပိုက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီလိုသိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှ ဝန်ခံပြောကြားထားတာ မရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now