မဲခေါင်၊ ဇူလိုင် ၃၁
ဇူလိုင် ၂၇ ရက်နေ့က အစ္စရေးရဲ့ လူဦးရေ ၁၁၀၀၀ သာနေထိုင်တဲ့ ဂိုလန်ကုန်းမြင့်က မာဒယ်ရှမ်းမြို့လေးကို လက်ဘနွန်ထဲက အီရန်ထောက်ပံ့ ဟစ်ဇ်ဘိုလာတပ်ကဒုံးကျည်တစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးနဲ့ လူငယ် ၁၂ ယောက်သေဆုံးမှုအတွက် အစ္စရေးက လက်ဘနွန်နိုင်ငံထဲ စစ်ခင်းတိုက်ခိုက်ဖို့ အစည်းအဝေးလုပ် နေကြောင်းသတင်းထွက်လာအပြီး အီရန်သမ္မတက လက်ဘနွန်ထဲ ဘယ်လိုတိုက်ခိုက်မှုမျိုးလုပ်လုပ် အစ္စရေဟာ ဆိုးရွားတဲ့ အကျိုးဆက်ခံစားစေရမယ်လို့ ခြိမ်းခြောက် ရာဇသံပေးသွားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာရဲ့ တိုက်ခိုက်မှုမှာ ကလေးနဲ့လူငယ် ၁၁ ဦးအလောင်းတွေဟာ ကွင်းထဲ ကိုယ်အင်္ဂါတွေ ပြတ်တောက် သေဆုံးခဲ့ပြီး ၁၁ နှစ်သာရှိသေးတဲ့ ကလေးငယ်ဆို အလောင်းပါ တစ်စစီကောက်ရမယ့်အနေအထားရှိခဲ့တာဖြစ်ပါ တယ်။ ဒါကြောင့် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုဟာ အမေရိကန်ခရီးစဉ်ကနေ အမြန်ပြန်လာပြီး လက်ဘနွန်ထဲက ဟားမက်စ်တွေကို အလုံးစုံစစ်ပွဲ ဝင်ရောက်ဆင်နွှဲဖို့ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
အစ္စရေးရဲ့ လက်စားချေမယ့်သတင်းကြောင့် ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက စစ် အခြေစိုက်စခန်းတွေကနေ ရှောင်တိမ်းမှုတွေ ပြုလုပ်နေချိန် အီရန်သမ္မတ မာဆွတ်ပက်ဇက်ရှ်ကီယန်ဟာ အနီးစပ်ဆုံး အနောက်မဟာမိတ်ဖြစ်တဲ့ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဖုန်းပြောဆိုစဉ် အစ္စရေးသား လက်ဘနွန်ကို ဘယ်လိုတိုက်ခိုက်မှုမျိုးလုပ်တာနဲ့ ဆိုးရွားတဲ့ အကျိုးဆက် ခံစားသွားစေရမယ်လို့ ရာဇသံပေးခဲ့တာဖြစ်ကြောင်း အီရန်အစိုးရ သတင်းဌာနကပါ ဖော်ပြသွားပါတယ်။
မက်ခရွန်းကတော့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးကြား တိုက်ခိုက်မှု ကနေ အီရန်ပါလာမယ့် စစ်ပွဲမျိုး လုံး၀မဖြစ်စေဖို့ အတတ်စွမ်းနိုင်ဆုံး ကြိုးစားသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001












