မြန်မာ့နွေဦး

ကျောက်မဲ လွယ်ခွန်တောင် ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီဗုံးကြဲ၊ မြို့ပေါ် ဖမ်းဆီးခံရသူတွေ အသတ်ခံတဲ့ အခြေအနေနဲ့ ပြန်တွေ့

မဲခေါင် 27 Jul - 2024
မဲခေါင်၊ ဇူလိုင် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က လွယ်ခွန်တောင်ဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီက မနေ့က ဗုံးကြဲသွားပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်း ရှိနေသလို အသတ်ခံရသူတွေလည်း ရှိကြလို့ သတိထားနေဖို့ တိုက်တွန်းကြပါတယ်။ “မြို့တွင်းထဲတော့ လက်နက်ကြီးမကျပါဘူး၊ ငြိမ်ပါတယ်၊ လက်နက်အသေးသံတွေကတော့ အဝေးမှာကြားရတယ်၊ ၃ ရက်လောက် လုံးဝငြိမ်နေတာကနေ မနေ့ ဇူလိုင် ၂၆ ရက်မှာ လက်နက်သေးသံတွေပြန်ကြားရပြီးလေယာဉ်နဲ့ဗုံးလာကြဲသွားတာ၊ ကျောက်တောင်ဘုန်းကြီးကျောင်းဘယ်ကျောင်းမှန်းမသိပါဘူး၊ လတ်တလောတော့ ပြန်လာပြီး သွေးတိုးစမ်းတဲ့လူတွေ သေတာများတယ်၊ ပြန်လာဖို့ကတော့ ကိုယ့်သဘောပါဘဲ”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ နောင်ပိန်လေး၊ နတ်ကွန်းအကွေ့အကျော်မှာ မပေါက်ကွဲသေးတဲ့ RPG

မဲခေါင်၊ ဇူလိုင် ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က လွယ်ခွန်တောင်ဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီက မနေ့က ဗုံးကြဲသွားပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်း ရှိနေသလို အသတ်ခံရသူတွေလည်း ရှိကြလို့ သတိထားနေဖို့ တိုက်တွန်းကြပါတယ်။

“မြို့တွင်းထဲတော့ လက်နက်ကြီးမကျပါဘူး၊ ငြိမ်ပါတယ်၊ လက်နက်အသေးသံတွေကတော့ အဝေးမှာကြားရတယ်၊ ၃ ရက်လောက် လုံးဝငြိမ်နေတာကနေ မနေ့ ဇူလိုင် ၂၆ ရက်မှာ လက်နက်သေးသံတွေပြန်ကြားရပြီးလေယာဉ်နဲ့ဗုံးလာကြဲသွားတာ၊ ကျောက်တောင်ဘုန်းကြီးကျောင်း
ဘယ်ကျောင်းမှန်းမသိပါဘူး၊ လတ်တလောတော့ ပြန်လာပြီး သွေးတိုးစမ်းတဲ့လူတွေ သေတာများတယ်၊ ပြန်လာဖို့ကတော့ ကိုယ့်သဘောပါဘဲ”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

နောင်ပိန်လေး၊ နတ်ကွန်းအကွေ့အကျော်မှာ မပေါက်ကွဲသေးတဲ့ RPG ထိပ်ဖူး ၁ ခုရှိနေပြီး ကားတွေ ဆိုင်ကယ်တွေ ဝင်တိုက်မိနိုင်တဲ့အခြေအနေဖြစ်လို့ အထူးသတိထားဖို့ ပြောပါတယ်။

ကျောက်တောင်အကင်ဆိုင် အနောက်တည့်တည့်က နေအိမ် ၁ အိမ်ရဲ့ ဝင်းထဲမှာတော့ Y12 ကချထားတဲ့ ဗုံး ၁လုံး မပေါက်ကွဲသေးဘဲ မြေကြီးထဲစိုက်ဝင်နေပြီး အထက-၁ ရှေ့က ရွှေ့သရဖူဂိတ်အနီးမှာ ပင်ဖြုတ်ထားတဲ့ လက်ပစ်ဗုံး ၁ လုံး၊ ဇောတိကုန်း ကျောက်မဲ ဆီစက်ရုံမှာ မပေါက်ကွဲ
သေးတဲ့ လက်ပစ်ဗုံး ၁လုံးနဲ့ အမျိုးအမည်မသိရတဲ့ ဗုံးသီးထိပ်ဖူး ၁ ခုရှိနေတာကို ပြည်သူတွေ သတိထားမိအောင်စာကပ်ပြီး သတိပေးတာတွေလုပ်ထားတယ်လို့ ပြည်သူ့အကျိုးဆောင် ဒေသခံ ၁ ဦးက ပြောပါတယ်။

ကျောက်မဲ ရပ်ကွက်-၈ ထုံးဖို၊ နယ်မြေ ၄ အင်ကြင်းတောင်ဘက်က ပျောက်ဆုံးနေတဲ့ မောင်ကျော်လင်းအောင် ၂၄ နှစ်၊ မောင်အောင်ငွေဦး ၂၉ နှစ် နဲ့ ဦးအောင်ဝင်း ၅၇ နှစ်တို့ ၃ ဦးဟာ ဇူလိုင်၂၀ ရက်နေ့က အိမ်မှာဖမ်းခေါ်သွားခံရပြီး ၃ ယောက်လုံးသေဆုံးတယ်လို့ပြောပါတယ်။

“အိမ်ထဲမှာ အိပ်နေတုံး၊ မနက် ၇ နာရီမှာ ဝင်ဖမ်းပြီး သတ်ပစ်တာ၊ အိမ်စောင့်ကျန်ခဲ့တဲ့ မောင်လေးပါ” လို့ မောင်ကျော်လင်းအောင်ရဲ့ အမတော်စပ်သူက လူမှုကွန်ရက်မှာ ပြောကြားထားပါတယ်။

အင်ကြင်းတောင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်မယ့်နေရာမှာ မျက်လုံးစည်းထားပြီး လက်ပြန်ကြိုးတုပ် အသတ်ခံထားရတာလို့ ဆိုပါတယ်။

ကျောက်မဲမြို့ပေါ်က စစ်ဘေးမရှောင်ဘဲ လူထုကို ကူညီနေတဲ့ နမ့်ခုံးရှမ်းများပရဟိတအသင်းအဖွဲ့ဝင် ၁ ဦး ရဲ့ပြောကြားချက်အရ ဇွန်လ ၂၆ ရက်ကနေ ယနေ့မနေ့ ဇူလိုင် ၂၆ ရက်အထိ သေဆုံးသူ အလောင်း ၁၀၀ ကျော်ကို အေးချမ်းသာ သချိုင်းကို တတ်စွမ်းသမျှပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

TNLA ကတော့ ကျောက်မဲမှာ တိုက်ပွဲ ၁လအတွင်း စစ်ကောင်စီကြောင့် မ ၁၄ဦး၊ ကျား ၂၄ ဦး သေဆုံးပြီး ကျား ၁၅ ဦး၊ မ၂၁ ဦးနဲ့ ကလေး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးသွားခဲ့တယ်လို့ထုတ်
ပြန်ထားပြီး မနေ့ဇူလိုင် ၂၆ ရက် နေ့လယ်မှာ စစ်ကောင်စီတပ် ခမရ-၅၀၁၊ ၅၀၂ နဲ့ တာဝါတိုင်အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now