စစ်ရေးသတင်း

အင်းလေး ၁၀၀၉ IPDF စစ်ဆင်ရေးလိုအပ်ချက် စစ်ကြောင်းသုံး စက်သေနတ်လိုအပ်နေ

မဲခေါင် 24 Jul - 2024
ရှမ်းတောင်၊ အင်းလေးဒေသမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၁၀၀၉ IPDF ဟာ စစ်ရေးလိုအပ်ချက်အရ စစ်ကြောင်းသုံး ဘရောင်နီ စက်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၄

ရှမ်းတောင်၊ အင်းလေးဒေသမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၁၀၀၉ IPDF ဟာ စစ်ရေးလိုအပ်ချက်အရ စစ်ကြောင်းသုံး ဘရောင်နီ စက်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

ယင်းအတွက် ဘရောင်နီကိုထမ်း ရှေ့ဆက်လှမ်းကမ်ပိန်းကို ယနေ့ဇူလိုင်လ ၂၄ ရက်ကနေ လာမယ့် အောက်တိုဘာ ၅ ရက် အထိ ကျပ်သိန်း ၆၀၀ ရန်ပုံငွေ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။

“တိုက်ပွဲတစ်ပွဲ ဖော်ဆောင်ရာမှာ ဗျူဟာမြောက်လက်နက်ဖြစ်တဲ့ ဘရောင်နီ စက်လတ်လိုအပ်နေတာပါ၊ တိုက်ပွဲကို ထိန်းနိုင်ဖို့၊ ရန်သူကို အဟန့်အတားဖြစ်စေဖို့ ဒီဘရောင်နီစက်လတ် ကမ်ပိန်းကို လုပ်ရခြင်းဖြစ်ပါတယ်” လို့ အင်းလေး ၁၀၀၉ IPDF တာဝန်ခံက မဲခေါင်ကိုပြောပါတယ်။

တိုက်ပွဲရဲ့အနေအထားအရကတော့ လက်နက်ကြီး၊ လက်နက်ငယ်၊ ၊ 79 , RPG ၊ စက်ကြီး၊ စက်လတ်၊ စက်ကလေး ရှိဖို့လိုအပ်တာမှာစစ်ကြောင်းလက်နက်ဖြစ်တဲ့ ဘရောင်နီ စက်လတ် ကို ရရှိဖို့ ကြိုးစားရတာလို့ ပြောပါတယ်။

ယင်း ဘရောင်နီစက်လတ်မှာ လေယာဉ်၊ ဒရုန်းတွေကို ပစ်ချနိုင်စွမ်းထက် တိုက်ပွဲအတွင်း ကျည်အားနဲ့ရန်သူကို ခုနှိမ်ထားနိုင်တဲ့ အစွမ်းရှိ လက်နက် ၁ခုဖြစ်ပြီး ၇.၆၂ ကျည်အတိုနဲ့ ပစ်ခတ်ရတာလို့ သိရပါတယ်။

ဒီကမ်ပိန်းအရင်ပြုလုပ်ခဲ့တဲ့ ဦးထုပ်ကမ်ပိန်းကြောင့် ရရှိလာတဲ့ ဦးထုပ်ဟာ ပြီးခဲ့တဲ့ အင်းလေးဒေသကိုပြန်လည်ထိုးဖောက်ဝင်ရောက်ချိန် စကစ ဘက်က ၁၂၀ မမ ပစ်ခတ်တာမှာ ကျည်စဟာ ဦးထုပ်ကို မဖောက်ထွင်းနိုင်လို့ ရဲဘော်တစ်ယောက်ရဲ့အသက်ကိုကာကွယ်ပေးနိုင်ခဲ့တာဖြစ်လို့ အလှူရှင်တွေကို အသက်သခင်ကျေးဇူးရှင်တွေအဖြစ် အထူးကျေးဇူးတင်ရှိကြောင်းလဲ ပြောကြားခဲ့ပါတယ်။

ယခု ဘရောင်နီကိုထမ်း ရှေ့ဆက်လှမ်းကမ်ပိန်းကိုလည်း မဲ ၁ စောင်ကို ကျပ် ၂ သောင်းနဲ့ မဲအစောင်ရေ ၃၀၀၀ စုစုပေါင်း ကျပ်သိန်း ၆၀၀ ရရှိဖို့ တော်လှန်ပြည်သူတွေကူညီပံ့ပိုးပေးပါရန်နဲ့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အမှတ်တရပစ္စည်းလေးတွေ မဲဖောက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အင်းလေး ၁၀၀၉ IPDF ဟာ NUG လက်အောက်ခံ MOD တပ်ရင်း ၁ရင်းဖြစ်ပြီး လက်ရှိမှာ ညောင်ရွှေ၊ ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ PNA တွေကို တော်လှန်တိုက်ခိုက်နေတဲ့ အင်းလေးဒေသအခြေပြု တိုင်းရင်းသားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now