မဲခေါင်၊ ဇူလိုင် ၂၃
ရှမ်းမြောက်၊ လားရှိုးမြို့က ခံစစ် တပ်တစ်တပ်ဖြစ်တဲ့ ခလရ-၆၈ ကို ဒီနေ့မနက် ပိုင်းမှာ MNDAA က သိမ်းပိုက်လိုက်လိုက်နိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
လားရှိုးက တပ်ရင်းပေါင် ၂၃ ရင်းအနက် MNDAA သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ရင်းတွေမှာ စခတ-၁၁၊ ခလရ-၄၁ နဲ့ ခလရ-၆၈ တို့ဖြစ်ကြတဲ့အတွက် စစ်ကောင်စီရဲ့တပ်ရင်း ၃ ရင်းကို MNDAA တို့ သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။
မြို့တော်ခန်းမကို ဆုတ်ပြီး ခံစစ်ယူတဲ့ ဗျူဟာမှူး သန့်ဇင်ဝင်းလဲ MNDAA ရဲ့ Drop ဗုံးဒဏ်ကြောင့် မနေ့က သေဆုံးသွားတယ်လို့ သိရပါတယ်၊
စစ်ကောင်စီဟာ မနေ့ ဇူလိုင် ၂၂ ကပင် ပဲခူးတိုင်း၊ တိုက်ကြီးက တပ်မဟာ ၄ နဲ့ မှော်ဘီ ခလရ-၁၆ က လေထီးတပ်ဖွဲ့တွေကို လေကြောင်းက လေထီးနဲ့ချပြီး စစ်ကူပေးခဲ့ပေမယ့် ဒီနေ့မှာ ခလရ-၆၈ ကျသွားတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် စစ်ပြေးတွေများပြားနေပြီး စရတ-၅၂၂၊ စအရ-၉၀၂ တပ်တွေလည်း နောက်ကိုဆုတ်ခွာနေပြီလို့ ဒေသခံတွေ ဆီက သိရပါတယ်။
တရုတ်ဖိအားကြောင့် MNDAA က ဇူလိုင် ၃၁ ရက် အထိ အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်ကောင်စီက လောက်ကိုင်က တုံချိန်ရပ်ကွက်ကို ယနေ့မနက် ၁ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံးကြဲချသလို MNDAA ကလည်း စာအရသာ တိုက်ပွဲရပ်ပေမယ့် မြေပြင်မှာတော့ မရပ်ဘဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။
MK-012








