စစ်ရေးသတင်း

ပအိုဝ်းလူငယ် အကယ်ဒမီ(Pa-O Youth Acadamy) ဖွဲ့စည်းပြီး သင်တန်းများလုပ်ဆောင်နေ

မဲခေါင် 22 Jul - 2024
လူငယ်တွေ စုစည်းထားတဲ့ ပအိုဝ်းလူငယ်အကယ်ဒမီ (Pa-O Youth Acadamy)ကို ဖွဲ့စည်းပြီး စွမ်းရည်သင်တန်းတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းလူငယ်အကယ်ဒမီအဖွဲ့ထံက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၂

လူငယ်တွေ စုစည်းထားတဲ့ ပအိုဝ်းလူငယ်အကယ်ဒမီ (Pa-O Youth Acadamy)ကို ဖွဲ့စည်းပြီး စွမ်းရည်သင်တန်းတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းလူငယ်အကယ်ဒမီအဖွဲ့ထံက သိရပါတယ်။

PYA ကို ပအိုဝ်းလူငယ်တွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒေသတွင်းလူငယ် ညီနောင် ပအိုဝ်း၊ တောင်ရိုး၊ ဓနုနဲ့ ဗမာလူငယ်တွေနဲ့ အကယ်ဒမီစုဖွဲ့ကာ ဌာနကြီး ၃ ခုနဲ့ အခြားဌာနတွေနဲ့ စုဖွဲ့လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ကျောင်းသားအစုအဖွဲ့၊ လူမှုရေးအစုအဖွဲ့၊ အမျိုးသားလူငယ်အစုအဖွဲ့နဲ့ တသီးပုဂ္ဂလအစုအဖွဲ့တွေအနေနဲ့ လုပ်ဆောင်နေရာက စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်း ကျင့်သုံးလိုက်ပြီးနောက်မှာ အကယ်ဒမီကို ဖွဲ့စည်းရတာလို့ ပြောပါတယ်။

“တဦးတယောက် ကိုယ်စားပြုမဟုတ်ဘဲ အတွင်းရေးမှူး စနစ်နဲ့ စုပေါင်းဦးဆောင်မှုနဲ့ အစုအဖွဲ့လိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်၊ စုဖွဲ့ကာလဖြစ်လို့ ညီနောင်အဖွဲ့အစည်းများနဲ့ လူထုရဲ့ယုံကြည်မှု ရယူရန် အားနည်းနေပါသေးတယ်၊ ဒေသတွင်းလူငယ်တွေ အစုအဖွဲ့တွေဆီ ဖိတ်ခေါ်စာတွေ ပို့ထားပြီး ဒီနေရာကနေလည်း ထပ်မံဖိတ်ခေါ်ပါတယ်”လို့ ယင်း PYA ရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ၁ ဦးက မဲခေါင်သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းချက်ကို ဖြေကြားပါတယ်။

အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ဦးတည်ချက်ကတော့ ပအိုဝ်းလူငယ်တွေအပါအဝင် ဒေသတွင်းလူငယ်တွေ စုစည်းပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်တော်လှန်ရေးမှာ တတ်စွမ်းတဲ့ ကဏ္ဍအသီးသီးက ပါဝင်ဖို့ လေ့ကျင့်တည်ဆောက်ပေးရန်၊ အမျိုးသားရေးရည်မှန်းချက်နဲ့ ဖက်ဒရယ်စီမိုကရေစီ အခင်းအကျင်းနဲ့အညီ လူငယ်အစုအဖွဲ့ကိုယ်စားပါဝင်နိုင်ရေး၊ တော်လှန်ရေးကာလအလွန်မှာ ဒေသတွင်းလူငယ်တွေ ပြန်လည်ထူထောင်ရေးနဲ့ ပညာရေးနယ်ပယ်မှာ အထောက်အကူဖြစ်ရေးနဲ့ ကြားကာလအစီအမံမှာ စနစ်တကျပူးပေါင်းပါဝင်နိုင်ဖို့အတွက် အဓိကအားဖြင့် ပြည်သူလူထု လုံခြုံမှုဆိုင်ရာအခန်းကဏ္ဍကို အာမခံပေးရေးတို့ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ စစ်သင်တန်းမှာ အခြေခံ၊ တိုက်ခိုက်ရေး တန်းမြင့်လျာထားသင်တန်းတွေ၊ အကြပ်၊ ဆေးနဲ့ကယ်ဆယ်ရေး၊ တပ်ဖွဲ့စည်းပုံ၊ လက်နက်ငယ်၊ မိုင်းဘာသာရပ်တွေအပြင် အထွေထွေ နိုင်ငံရေးမိတ်ဆက်၊ ဒီပလိုမေစီမိတ်ဆက်၊ ဖက်ဒရယ်မိတ်ဆက်၊ လူထုနိုင်ငံရေး၊ ပထဝီနိုင်ငံရေးတွေကို သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်တွေဖိတ်ခေါပြီး သင်ကြားလေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

PYA အနေနဲ့ အဓိက လှုပ်ရှားမယ့်ဒေသတွေဟာ ရှမ်းမြေလတ်နဲ့ ပအိုဝ်းဒေသတွေမှာ လှုပ်ရှားမယ်လို့ သိရပြီး တည်ဆောက်ဆဲအဖွဲ့ဖြစ်လို့ မဟာမိတ်စတာတွေတော့ လောလောဆယ် ဖြေပေးဖို့ အဆင်မပြေဘူးလို့ပြောပါတယ်။

လက်ရှိ ပအိုဝ်းတော်လှန်ရေးအဖွဲ့အစည်းတွေအဖြစ် PNFC ၊ PNLO ၊ PNDF-KK, PPDF-KD တွေအပြင် အခု ပအိုဝ်းလူငယ်တွေကိုအခြေပြုဖွဲ့စည်းခဲ့တဲ့ PYA အနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို တဖက်တလမ်းက ပါဝင်လာတာဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now