စစ်ရေးသတင်း

MNDAA ဖမ်းဆီးထားတဲ့ တအာင်းလူငယ် ၄ ဦး မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေး၊ ၁၈ နှစ်အောက် ၃ ဦးပါဝင်နေ

မဲခေါင် 18 Jul - 2024
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မြို့အဝင်၊ မယ်ဟန်ရွာက ပြည့်စုံ အပန်းဖြေဥယျာဉ်မှာ သန့်ရှင်းရေး ဝန်ထမ်း လုပ်ကိုင်နေတဲ့ တအာင်းလူငယ် ၃ ဦးကို ကိုးကန့်တပ်မတော် (MNDAA)က ဖမ်းဆီးထားတယ်လို့ တအာင်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မြို့အဝင်၊ မယ်ဟန်ရွာက ပြည့်စုံ အပန်းဖြေဥယျာဉ်မှာ သန့်ရှင်းရေး ဝန်ထမ်း လုပ်ကိုင်နေတဲ့ တအာင်းလူငယ် ၃ ဦးကို ကိုးကန့်တပ်မတော် (MNDAA)က ဖမ်းဆီးထားတယ်လို့ တအာင်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာ ဖြစ်ပြီး ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း MNDAA က တွေ့ဆုံခွင့် မပေးသေးဘူးလို့ ဆိုပါတယ်။

“လောလောဆယ် သူတို့ ၃ ယောက်နဲ့ အဆက်သွယ် မရဘူး။ သူတို့ မိဘတွေလည်း သွားတွေ့လို့ မရဘူး။ တိုက်ပွဲဖြစ်တော့ သူတို့က ပြန်တာ။ သူတို့ တူတူပြန်တာတွေကြတော့ ဆိုင်ကယ် ယူသွားခိုင်းတယ်။ သူတို့မှာ ပါတဲ့ဆိုင်ကယ်တွေကိုတော့ သိမ်းသွားတယ်။ သူတို့ ပြန်ပြီးကတည်းက ခုထိ အဆက်သွယ်မရဘူး” လို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO)ရဲ့ သတင်းအချက်အလက် စုဆောင်းရေး ရုံးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

အလားတူ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း တန့်ယန်းမြို့နယ်၊ ကောင်းမှူးအုပ်စု၊ ဟိုဒွန်ကျေးရွာက တအာင်းလူငယ် တစ်ဦးကို MNDAA က ဖမ်းဆီးထားပြီး ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ အထိ အဆက်သွယ် မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

လူငယ် ၄ ဦးဟာ အသက် ၁၇ နှစ် ၂ ဦးနဲ့ ၁၄ နှစ် တစ်ဦး၊ ၁၉ နှစ် တစ်ဦး ပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ဘေးတိမ်းရှောင်နေစဉ် လမ်းခုလတ်နေရာတွေမှာ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

“အဲကလေးက ကားဝပ်ရှော့မှာ လုပ်တာ။ လားရှိုးမြို့ထဲမှာပေါ့နော်။ ပစ္စည်းတင်တဲ့ ကားနဲ့ လိုက်လာတာ။ ၁၀ ယောက်ကျော်တယ်။ လမ်းမှာ ဖမ်းသွားတာ။ ဒါက ဒေသခံတွေဆီက ပြောပြလာတာတွေ ဖြစ်တယ်။ တခြား ဒေသက ဖမ်းခံရတာတွေလည်း ဒီထက်များနိုင်တယ်။ ဒါက ကျမတို့ လက်လှမ်းမီသလောက်ပေါ့” လို့ TWO ရဲ့ သတင်းအချက်အလက် စုဆောင်းရေး ရုံးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာမှာ အရင်နှစ်တွေကတည်းက MNDAA တပ်စွဲထားပြီး ပြန်လည်လွတ်မြောက်လာသူ တစ်ဦးရဲ့ ပြောပြချက်အရ တရုတ်စကား တစ်မျိုးသာ ပြောဆိုတာ၊ စကားပြန် တစ်ယောက်ထားတာ၊ လက်မောင်း ဦးထုပ်တွေမှာ MNDAA တံဆိပ်ပါတာ၊ တရုတ်အများစုကို ဖမ်းထားတာ စတဲ့အကြောင်းအရာတွေကြောင့် အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က ဖမ်းဆီးထားတဲ့ တအာင်းလူငယ် စုစုပေါင်း ၁၇၀ ကျော်ရှိပြီး TWO နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ရဲ့ တောင်းဆိုမှုကြောင့် ၁၀ ဦးကျော် ပြန်လွတ်လာခဲ့ပေမယ့် ကျန်တဲ့လူတွေအတွက် ထူးခြားမှု မရှိသေးဘူးလို့ TWO တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး MNDAA ဖက်ကို ဖုန်းအကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now