မဲခေါင် ဇူလိုင် ၁၇
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းမှာ မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကနေ ဝိုင်းမော်ဘက် လက်နက်ကြီး ပစ်ထည့်နေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“မနေ့ညက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီး ပစ်တာ။ ဝိုင်းမော် အောင်မြေ ၁ ဘက် ကျတယ်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လက်နက်ကြီး လေး၊ ငါး ကြိမ် ပစ်ခတ်တာဖြစ်ပြီး လူသူ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
“မြစ်ကြီးနားကနေ မနေ့ည ပိုင်းမှာ လက်နက်ကြီးတွေ ပစ်နေတယ်။ ဝိုင်းမော် ဘက် ခြမ်းကို ပစ်ထည့်နေတာ။ အောင်မြေ ၁ ဘက်လည်း သွားကျတယ်လို့ ပြောတယ်။” နောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။
ဒါ့အပြင် ကချင် ပြည်နယ် မံစီ မြို့ ဘက်ထဲလည်း ဗန်းမော်ဘက်က စစ်ကောင်စီတွေ ဇူလိုင်လ ၁၆ ရက်နေ့က လက်နက်ကြီးတွေ ပစ်ထည့် နေတယ်လို့ ဆိုပါတယ်။
မိုးမောက် မြို့အနီးမှာလည်း ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့မနက်ပိုင်းကစပြီး စစ်ကောင်စီ နဲ့ KIA ပူးပေါင်း အဖွဲ့ တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
CJ008








