မဲခေါင်၊ ဇူလိုင် ၁၄
ရှမ်းပြည်မြောက်ပိုင်၊ လားရှိုးမြို့နယ်နဲ့ အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း MNDAA ဘက်က ဒိနေ့ ဇူလိုင်လ ၁၄ ရက် ညသန်းခေါင်ယံအချိန် ၁၂းဝ၀ ကစပြီး ဇူလိုင် ၁၈ ရက်နေ့အထိ ၅ရက် အတွင်း ထိုးစစ်ရပ်ပေးမယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။
ထုတ်ပြန်စာအရ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကျင်းပမှာဖြစ်လို့ တရုတ်ရဲ့စိုးရိမ်ပူပန်မှုအရ ၅ ရက်ကြာထိုးစစ်ရပ်မယ်လို့ ပါရှိပါတယ်။
အဲဒီအချိန်အတွင်း လားရှိုးမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေ ထွက်ခွာဖို့အချိန်ရနိုင်တယ်လို့ သုံးသပ်ကြပြီး စစ်ကောင်စီဖက်ကတော့ ပိတ်ပင်တားမြစ်တာရှိမယ်၊ မရှိဘူး မသိရဘူးလို့ ဆိုပါတယ်။
မဲခေါင်အနေနဲ့ စာပါအချက်အလက်အတည်ပြုနိုင်ဖို့နဲ့ အသေးစိတ်သိရှိရဖို့အတွက် ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
MK – 012








