မဲခေါင်၊ ဇူလိုင် ၅
မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဒီနေ့ ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးကုတ်မြို့တွင်းက ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်တွေမှာ အကာအကွယ်ယူတပ်စွဲ ထားခဲ့တာပါ။


သူတို့ခိုအောင်းနေတဲ့ ဘဏ်တွေက ဖေါက်ထွင်းခိုးယူလာတဲ့ ရတနာနဲ့ ငွေသားတွေကို တိုက်ပွဲအတွင်း သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေဆီမှာ တွေ့ရှိရတာလို့ သိရပါတယ်။
ကမ္ဘောဇဘဏ်နဲ့ CB ဘဏ်တွေကနေ ငွေသားနဲ့ ကျောက်မျက်ရတနာ ကျပ် သိန်းပေါင်း ၂ သောင်းကျော်ဖိုးလောက် ဖောက်ထွင်းယူဆောင်သွားတဲ့ အထောက်အထားတွေကိုတွေ့ရပြီး အလောင်းတစ်လောင်းချင်းစီရဲ့ ကျောပိုးအိတ်တွေမှာလည်း ငွေကျပ် သိန်း ၅၀ စီနဲ့ ရတနာတွေ သိမ်းဆည်းရမိတယ်လို့ တအာင်းတပ်ဖွဲ့ (TNLA)က ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ကို TNLA၊ PDF(513)၊ မိုးကုတ် ဗျူဟာတပ်ရင်း ၄ ရင်းနဲ့ ပကဖ(မိုးကုတ်)တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး စစ်ကာင်စီဘက်က တပ်မ-၉၉၊ လပခ လက်အောက်ခံ ခလရ -၈၈၊ ခလရ-၇၈၊ ခလရ-၁၄၈ နဲ့ မိုးကုတ်အခြေချစစ်ဗျူဟာတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
MK-012








