စစ်ရေးသတင်း

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မဲခေါင် 5 Jul - 2024
ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရတာရှိခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၅

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရတာရှိခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

ယနေ့ ဇူလိုင်လ ၅ ရက် နေ့လည် ၂နာရီလောက်မှာ ကျောက်မဲတောင်ဘက် ၁၄ မိုင်ခန့်အကွာ ပြည်ထောင်စုကားလမ်းမနဲ့ ရထားလမ်းအနီး မန်ဟဲမှာ TNLA နဲ့ SSPP တပ်ဖွဲ့တွေ အချင်းများပြီး ပစ်ခတ်မှုရာက ဒေသခံ အမျိုးသမီး ၁ ဦး ဒဏ်ရာရတာရှိခဲ့တယ်လို့ ဆက်သွယ်ပြောစေလိုပါတယ်။

“နေရာပိုင်ဆိုင်မှု အချင်းများကြရာက ပစ်ကြခတ်ကြတာလို့ သိရတယ်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်ဆိုတာပဲသိရပြီး အသေးစိတ်မသိရဘူး၊ ရှေ့ ၂ ရက်လောက်ကတည်းက ဒီနေရာ ငါတို့အပိုင် ဘာညာ စကားများကြတာ ရှိတယ်၊ အဲတုန်းက ပုခုံးချင်းတိုက်ငြင်းကြတာပဲ သိရတာ၊ ခုက လက်နက်ငယ်တွေပါလာတာ၊ လက်နက်ကြီးသံတော့ မကြားမိဘူး၊ အဓိကက ရှမ်းကို ပလောင်က နှင်ထုတ်တာ၊ ဖြစ်တာတော့ခဏပဲ၊ ခုတော့ မကြားပြန်ဘူး”လို့ ကျောက်မဲဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကျောက်မဲမြို့က ၁၀ မိုင်ခန့်အကွာ သီပေါနယ်အပိုင်းထဲက ပြည်ထောင်စုကားလမ်းမကြီးကို ခွတည်ထားတဲ့ ရေပူစမ်းရွာမှာလဲ TNLA နဲ့ SSPP ထိတွေ့ပစ်ခတ်တာတွေ ရှိခဲ့ပြီး ကျောက်မဲမြို့ရဲ့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ နောင်ပိန်မှာလည်း TNLA နဲ့ SSPP နယ်မြေအပေါ် အချင်းများမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၂၅ ရက် တကျော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မတိုင်မီက ယခု အချင်းဖြစ်ပွားရာနေရာဒေသတွေဟာ SSPP ဆက်ကြေးကောက်ရာနယ်မြေတွေဖြစ်ခဲ့ပြီး ပြည်ထောင်စုကားလမ်းမကြီးရဲ့တောင်ဘက်ကို SSPP ၊ မြောက်ကို TNLA လို့ သတ်မှတ်ထားရာက အခုမှာSSPP ကို TNLA တပ်တွေက မောင်းထုတ်နေတာလို့ ဒေသသတင်းတွေအရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပိုမိုသိရှိနိုင်ဖို့ တအာင်းတပ်ဖွဲ့ (TNLA) နဲ့ ရှမ်းလက်နက်ကိုင် (SSPP) ပြောရေးဆိုခွင့်ရှိသူတွေထံ မဲခေါင်သတင်းဌာနက ဖုန်းဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

မဟာမိတ် TNLA နဲ့ SSPP တပ်ဖွဲတွေ စစ်ရေးပဋိပက္ခ ဖြစ်ပွားလာလို့ မနက်ပိုင်းက သီပေါကနေကျောက်မဲဘက်ကို ဆက်သွယ်ထားတဲ့ ကျင်သီတံတားကို သွားလာခွင့်ပိတ်လိုက်လို့ သီပေါနဲ့ ကျောက်မဲကြား ဆက်သွယ်ရေး ပြတ်တောက်သွားပြီဖြစ်လို့ ခရီးသွားချင်းသူတွေ ခက်ခဲသွားပြီဖြစ်တယ်လို့ သိရပါတယ်။

TNLA တပ်ဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ကို ဖော်ဆောင်ရာမှာ ကျောက်မဲ၊ သီပေါ၊ နောင်ချို မြို့တွေကို အပြင်းအထန်တိုက်ခိုက်နေပေမယ့် SSPP ကတော့ အခြား ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ပဲ စစ်ရေးပဋိပက္ခ တွေ ဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းအခြေစိုက် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now