မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅ ရက်အတွင်း လက်နက်ချ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော်သေဆုံး

မဲခေါင် 30 Jun - 2024
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကာလ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇွန် ၃၀

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကာလ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်က စခဲ့တဲ့ TNLA၊ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲမှာ ဇွန် ၂၉ ရက်နေ့အထိ ၅ ရက်တာအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးကနေ တပ်သားအဆင့် အထိ ၅၃ ဦး လက်နက်ချ အလင်းဝင်ခဲ့လို့ PSLF/TNLA သတင်းစဉ်က ဖော်ပြလာပါတယ်။

ရှမ်းမြောက် နောင်ချိ၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ် မြို့နယ်တွေက တိုက်ပွဲတွေမှာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ တကက ၆ ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) ၁ ဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတက ၉ ဦးနဲ့ တပ်သား ၁၉ ဦး စုစုပေါင်း ၅၃ ဦး လက်နက်ချခဲ့တာလို့ သိရပါတယ်။

နောင်ချိုက ခမရ-၁၁၄ ကို သိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ၆၄ လက်နဲ့ ဂျမ်မာ ၂ ခု၊ ဗုံး၊ မိုင်းနဲ့စကားပြောစက်တွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ နောင်ချို ရှုခင်းသာ က ခလရ-၁၄၆ တပ်စခန်းကို မနေ့က မနက် ၇ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မိုးကုတ်က စစ်ကောင်စီတပ်စခန်း အောင်သာယာနဲ့ အာကာမိုးစခန်းတွေမှာ စစ်ကောင်စီအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

မိုးမိတ်မှာတော့ မနေ့ ဇွန်လ ၂၉ ရက် မနက် ၅း၂၀ အချိန်ကစပြီး ရွှေဆာလီရွာ၊ လွယ်ဝိန်းရွာ၊ နဲ့ လယ်ကြီးရွာတွေ စကခ(၂၁) ခလရ(၂၂၃)၊ ခမရ(၃၄၈) တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၅ ရက်တာကာလအတွင်း ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ် ၃ မြို့မှာ ဒေသခံအရပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ဦးထိရှိခဲ့တယ်လို့ သိရပြီး နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် မြို့တွေက စစ်ရှောင် ၃၀၀၀ နီးပါး အထိရှိနေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now