စစ်ရေးသတင်း

စစ်ကောင်စီရဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးလွတ်ကင်းရာ ပြည်သူ ၄ သောင်း စစ်ရှောင်နေရ

မဲခေါင် 28 Jun - 2024
ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ် ၉ ရပ်ကွက်က မြို့ပေါ်နေ ပြည်သူ ၄ သောင်းခန့်ဟာ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးအနားနဲ့ လွတ်ကင်းရာနေရာတွေကို ယနေ့ဇွန် ၂၈ ရက် မနက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၈

ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ် ၉ ရပ်ကွက်က မြို့ပေါ်နေ ပြည်သူ ၄ သောင်းခန့်ဟာ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးအနားနဲ့ လွတ်ကင်းရာနေရာတွေကို ယနေ့ဇွန် ၂၈ ရက် မနက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ဇွန်လ ၂၇ ရက် ည ၇ နာရီကနေ လေယာဉ်နဲ့ဗုံး ၃၀ နီးပါး၊ ဒရုန်းနဲ့ အလုံး ၄၀ ကျော် ချခံရတဲ့ဒဏ်ကြောင့် ပြည်သူတွေဟာ ဒီနေ့နက်မှာ မြို့ထဲကနေ လွတ်ရာကို ထွက်ပြေးကြတာဖြစ်ပါတယ်။

“ TNLA တပ်ဖွဲ့တွေက မြို့ထဲ လမ်းကြိုလမ်းကြားကအစ စစ်ခွေးတွေကို လိုက်သုတ်နေတာ၊ အဲ့တာကို မြို့ပေါ် ဘယ်နေရာကြဲကြဲ ဘယ်နေရာပစ်ပစ် သေမယ်ဆိုပြီး ဒလကြမ်းကို ကြမ်းနေတာဗျာ ၊ တအုန်းအုန်း တဒိုင်းဒိုင်းပဲ ညကတော့ ကြောက်ပြီး ပုန်းနေကြပေမယ့် မနက်ကျတော့ အားလုံးနီးစပ်ရာတွေခေါ် ပြီး လွတ်ရာကို ပြေးကြရတာ၊ ကျနော်နဲ့ကို ကား ၄ စီးအပြည့်၊ သေတာထိခိုက်တာတော့ ဒီလောက်ဗုံးကြဲနေတာ များမှာပဲ” လို့ ကျောက်မဲ ရပ်ကွက်-၂ ဒေသခံ ၁ ဦးက ပြောပါတယ်။

နောင်ပိန်ဘက်ကို စစ်ဘေးရှောင်ချင်သူတွေအတွက် ဦးနေအောင်ဦးစီးတဲ့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက ကား ၅ စီးနဲ့ နောင်ပိန်ဘက်ကို ကဲ့သယ်ပေးနေတယ်လို့ သိရပြီး နောင်ပိန်ဘက်မှာ စစ်ဘေးရှောင် ထောင်ချီရှိလာနေလို့ ရိက္ခာလိုအပ်ချက် များပြားလာနေတာကို ကူညီပေးဖို့ မေတ္တာရပ်ခံနေပါတယ်။

ကျောက်မဲကနေ ကားနဲ့ထွက်ခွာကြသူတွေအနေနဲ့ ကျောက်မဲ-ကျွဲကုန်း-နောင်ပိန်လေး-နားပြိန်း-အေးသာယာ-နောင်ကွမ်-တာလုံ(ဇက်ဖောင်နဲ့ကူးပြီး)-နားမခေါ်-နမ့်လန် လမ်းကိုသွားနိုင်တယ်လို့ သိရပါတယ်။

ကျောက်မဲ၊ ကျွဲကုန်း-နောင်ပိန်လေး-နားပြိန်း-အေးသာယာ-နောင်ကွမ် ကနေ ပုံဝိုး-တောင်ခြေ(အထက်ရဲရွာ)ကိုရောက်ရင် တံတားကူးပြီးတာနဲ့ ရပ်စောက်မြို့နယ်ညောင်ပင်သာရောက်ပြီး(နောင်လုံလမ်းကို လမ်းမှားမသွားဖို့သတိပြု)-ပင်ပိန်-သာစည်လမ်းကနေ နောင်ချို၊ ရပ်စောက် လမ်းဆုံကိုရောက်မယ်လို့ သိရပါတယ်။

မိုးတွင်းဖြစ်လို့ လမ်းတွေကြောင့် ဂရုစိုက်မောင်းဖို့လိုပြိး အစားအစာနဲ့ရေ၊ ဓာတ်မီးစတာတွေ ဆောင်သွားပြီး ကားတွေ စုသွားကြဖို့ လမ်းသိသူစေတနာရှင်တွေက အကြံပြုပြောကြားနေကြပါတယ်။

လက်ရှိကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကွန်မန်ဒိုတပ်တွေအပါအဝင် စစ်စခန်းတပ်ရင်း၊ဌာနချုပ်တွေ လက်ရသိမ်းရဖို့ အင်အားများစွာနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

သီပေါမှာ လောင်စာဆီ ကန့်သတ်ချက်နဲ့ ဝယ်ယူနေရ

ရှမ်းမြောက် သီပေါမြို့နယ်တွင် ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ဓာတ်ဆီကို တစ်ဦးလျှင် ၃ သောင်းကျပ်ဖိုးသာ ရောင်းချပြီး လူရာနဲ့ချီ
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းတိုက်ပွဲကြောင့် စိုက်သူနည်းတဲ့အတွက် ဂေါ်ဖီထုပ်တွေဈေးကောင်းရနေ

ဂေါ်ဖီအများဆုံးစိုက်ပျိုးတဲ့ ပင်လောင်းဒေသမှာ ဒီနှစ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်တောင်သူနည်းပါးပြီး ဝယ်လိုအားများနေတာကြောင့် ဂေါ်ဖီဈေးနှုန်းမြင့်တက်နေတာလို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now