စစ်ရေးသတင်း

နောင်ချိုမြို့တွင်းကို TNLA တပ်တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေက မြို့ပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်

မဲခေါင် 26 Jun - 2024
ရှမ်းမြောက်၊ နောင်ချိုမြို့ကို ယနေ့ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီအထိ ရရှိတဲ့မြေပြင်သတင်းအရTNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

(ရှမ်းမြောက် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့ နေ့လည်ပိုင်း တိုက်ပွဲအခြေအနေ)

မဲခေါင်၊ ဇွန် ၂၆

(နောင်ချိုမြို့အခြေအနေ)

ရှမ်းမြောက်၊ နောင်ချိုမြို့ကို ယနေ့ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီအထိ ရရှိတဲ့မြေပြင်သတင်းအရTNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

မနေ့ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့နောင်ချိုမြို့တိုက်ပွဲမှာ TNLA တပ်ဖွဲ့တွေက မြို့ရဲ့အဓိကနေရာတွေဖြစ်တဲ့ ဆေးရုံ၊ မီးသတ်၊ မိုးဇလနဲ့ စစ်ကောင်စီတွေတပ်စွဲထားတဲ့ ပြည်ထောင်စုလမ်းမဘေးက စစ်မှုထမ်းဟောင်းရုံးနဲ့ ရဲစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ အတည်ပြုနိုင်ပါတယ်။

သို့သော်လည်း နောင်ချိုမြို့ကို အဓိကထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနောက်ဘက် ၁ မိုင်ခန့်အကွာက ခမရ ၁၁၄ ၊ ၁၁၅ နဲ့ မြို့တောင်ဘက် ၂ မိုင်ခန့်အကွာက အမြောက်တပ်စု ၆၀၆(ဒုံးတပ်) တို့ကိုတော့ ယနေ့မနက်ထိ တိုက်ခိုက်နေဆဲလို့ ဆိုပါတယ်။

“အဲတပ်တွေက ဘူတာနဲ့စျေးရပ်ကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၃ ဦးထိတယ် သိရတယ်၊ ၂ ဦးသေတယ်လို့လဲ ကြားတယ်၊ မြို့ခံတွေကတော့ ကံကြီးဘက်ကို ရှောင်နေကြတာ ဘယ်ဘက်မှ ထွက်လို့မရဘူးဖြစ်နေတာ”လို့ နောင်ချိုဒေသခံ အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။

(ကျောက်မဲမြို့ အခြေအနေ)

ကျောက်မဲမြို့ဘက်မှာတော့ မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ကာ မနက် ၁၁ နာရီအထိ ရဲစခန်းကို တိုက်ခိုက်နေဆဲလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“မနက် ၁၀ နာရီအတွင်း သွားလာခွင့်ပြုတာကြောင့် မြို့သူမြို့သားတွေ စျေးတွေ၊ ဆေးတွေ လိုအပ်တာတွေ အားလုံးထွက်ဝယ်ကြတယ်၊ ဆိုင်တွေကတော့ တံခါးလှပ်ပြီးရောင်းပေးတာပေါ့၊ အသုဘတောင် ၁၀ နာရီအတွင်းအပြီးချဖို့ပြောတယ်၊ ပရဟိတအသင်းတွေကိုတော့ လူနာ၊ လူမမာကိစ္စတွေ ရှိရင် သွားလာခွင့်ပြုထားတယ်လို့ဆိုတယ်”လို့ ကျောက်မဲအခြေစိုက် ပရဟိတအသင်း ဥက္ကဌ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

TNLA ရဲ့ ယနေ့ ဇွန်လ ၂၆ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့အမြောက်တပ်ကုန်း -၃၅၂ တပ်ရင်းနဲ့ စခန်းသာတို့ကို မနက်၅း၄၇ အချိန်က တိုက်ပွဲဖြစ်ပွားနေပြီး ၆း၃၀ အချိန်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပါရှိပါတယ်။

ယင်းအမြောက်တပ်ရင်း ၃၅၂ မှာ တပ်ရင်းအနေနဲ့မရှိတော့ဘဲ မြစ်ကြီးနားဘက်ကို ပြောင်းရွှေ့သွားပြီးနောက် ယင်းတပ်ရင်းနေရာမှာ စစ်ကောင်စီရဲ့ လှုပ်ရှားတပ်များက အလှည့်ကျနေရာယူနေခဲ့တာဖြစ်လို့ တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာဖြစ်မယ်လို့ ဒေသခံကပြောပါတယ်။

(သီပေါမြို့အခြေအနေ)

သီပေါမြို့ဘက်မှာတော့ မနက်ပိုင်း ၇နာရီခန့်က လက်နက်ကြီးသံ ၃ ချက် ကြားရပြီးနောက် မနက် ၁၀ နာရီခန့်မှာ နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှု ၁၅ လုံးခန့်ကြားရပြီး လက်နက်ငယ်သံများ သီပေါတံတားဖက်မှာ အတွဲလိုက်ပစ်ခတ်နေသံကြားနေရတယ်လို့ သိရပါတယ်။

“တံတားမှာ ပါတဲ့ ရဲတစ်ယောက်ပြောတာတော့ သီပေါတံတားကို လက်နက်ကြီးတွေနဲ့ ပစ်ခံနေရတယ်လို့ပြောတယ်၊ ခလရ ၂၃ ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်၊ မြို့ထဲ လက်နက်ကြီး ၄ လုံးကျတာ ထိမှာစိုးလို့အပြင်မထွက်ရဲဘူး၊ ဘာတွေထိပြီး ဘာတွေပျက်မှန်းမသိရဘူး၊ ဌာနဆိုင်ရာတွေ ရုံးပိတ်သိမ်းတာတွေရှိပေမယ့် ထွက်ခွာခွင့်တော့မပေးသေးဘူး၊ မီးလာမလာတာ မနေ့ကနေ ခုထိပဲ၊ ဖုန်းလိုင်းတွေလဲသိပ်မကောင်းတော့ဘူး”လို့ သီပေါက ဌာနဆိုင်ရာ Non-CDM တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်အခြေအနေမှာတော့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေမှာတိုက်ပွဲတွေ ဖြစ်ပွားနေပြီး TNLA နဲ့PDF တွေက နောင်ချိုမြို့ပေါ်ကို ထိန်းချုပ်နိုင်ကာ ကျောက်မဲမှာ မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေပြီး သီပေါမှာတော့ မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

TNLA ဘက်မှာ မိုးကုတ်ဗျူဟာတပ်ရင်း ၄ ရင်းနဲ့ မန္တလေး PDF တွေအပြင် ယနေ့မှာတော့ ရှမ်းပြည်မြောက်ပိုင်းမဟာမိတ်တပ်ရင်းNorthern Shan State Alliance Army(N.S.S.A.A) က TNLA နဲ့လက်တွဲပြီး စစ်ဆင်ရေးဖော်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now