စီးပွားရေး

ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေ ဈေးတက်ပေမယ့် ရှမ်းတောင်ဒေသထွက် အာလူးတွေ ဈေးကောင်းမရ

မဲခေါင် 19 Jun - 2024
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေဟာ ဈေးနှုန်းအဆမတန် မြင့်တက်နေပေမယ့် အာလူးတွေကတော့ ဈေးကောင်းမရ‌သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။

မဲခေါင် ဇွန် ၁၉

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေဟာ ဈေးနှုန်းအဆမတန် မြင့်တက်နေပေမယ့် အာလူးတွေကတော့ ဈေးကောင်းမရ‌သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။

မေလ နောက်ဆုံးအပတ်ကစပြီး ခရမ်းချဉ်သီး တစ်ပိသာ ၄ ထောင်ကျပ် ဝန်းကျင်နဲ့ ‌ဂေါ်ဖီထုပ်တစ်ထုပ်ကို ၅ ထောင်ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေပေမယ့် အာလူးကတော့ တစ်ပိဿာ ၃၅၀၀ ကျပ်အထိသာ အများဆုံးဈေးရရှိနေတာပါ။

“ခရမ်းချဉ်သီး စိုက်တဲ့သူရော၊ ဂေါ်ဖီတွေ ပန်းပွင့်တွေ စိုက်တဲ့သူတွေရော မမြတ်ကြဘူး။ ဒါပေမယ့် သူတို့က ဈေးရတော့ မရှုံးဘူး။ ကျမတို့က အကုန်ရှုံးတယ်” လို့ နောင်တရားဒေသရှိ အာလူးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

ဧပြီလတုန်းက အာလူးဈေး ၃ ထောင်ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး ဇွန်လပိုင်းမှာတော့ သွင်းတဲ့ တောင်သူဦးရေနည်းလာတဲ့အတွက် ၃၅၀၀ ကျပ်အထိ ဈေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။

တောင်သူတွေဟာ အာလူးမျိုးစေ့နဲ့ မြေဩဇာကို တရုတ်က ဝယ်ရတာကြောင့် အရင်နှစ်တွေထက် ဈေးနှုန်းမြင့်တက်လာပြီး ကုန်ကျစရိတ်ပိုများပြားလာကာ အရှုံးပေါ်နေတာပါ။

“ဈေးတော့မရသေးဘူး။ ဒါပေမယ့် တော်သေးတယ် ပြောရမှာပေါ့။ ၃ လပိုင်းတုန်းကဆို တစ်ပိဿာ ၂ ထောင်လောက်ပဲ ရတာ။ အခုတော့ ရှုံးပေမယ့် အရင်လောက် မဆိုးဘူး ပြောရမှာပေါ့” လို့ ဟဲဟိုးမြို့ရှိ အာလူးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပွဲရုံအများစုကလည်း ဈေးကစားတာ၊ အထွက်နှုန်းများတဲ့အချိန် ဈေးနှိမ်ပြီး ဝယ်တာ၊ ဓါတ်ဆီဈေးတက်လို့ ပွဲရုံအထိ လာမရောင်းနိုင်တဲ့ တောင်သူတွေကို အိမ်တိုင်ရာရောက် ဈေးနှိမ်ပြီး လာဝယ်ပေးတာ စတဲ့အကြောင်းအရာတွေကြောင့် တောင်သူအများစုဟာ ထပ်ဆင့် အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

အာလူးကို ‌ပင်လောင်း၊ နောင်တရား၊ ကလော၊ ရွာငံ၊ ပင်းတယ စတဲ့‌မြို့နယ်တွေမှာ ဧကသောင်းချီ စိုက်ပျိုးကြပြီး တစ်ဧကကို ပိဿာ ၅ ထောင်ကနေ ၈ ထောင်အထိ ထွက်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now