မဲခေါင်၊ ဇွန် ၁၈
ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင်၊ ဖုပ်ဖခရိုင်ခွဲမှာ ဇွန် ၁၇ ရက် ညပိုင်းက မြန်မာနိုင်ငံဘက်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၁၉ ယောက်ကို ထိုင်းစစ်တပ်က ကင်းလှည့်ရင်း ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ဟာ ISUZU D-Max မော်ဒယ်၊ ပစ်ကပ်ကားနဲ့ လိုက်ပါလာခဲ့တာဖြစ်ပြီး အားလုံးက အထောက်အထားမဲ့ တွေသာဖြစ်ကြောင်း သိရပါတယ်။


မောင်းနှင်လာတဲ့ ကားသမားကတော့ အနီးအနားက သောင်းရင်းမြစ်ထဲ ထွက်ပြေးခုန်ချပြီး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
သူတို့ဟာ အလုပ်ရှာဖို့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်းနဲ့ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ဆီကို ထိုင်းစစ်တပ်က ဖမ်းဆီးလွှဲအပ်ပြီး လိုအပ်တာတွေ ဆက်လက်စုံစမ်း အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Ref: Addy Chaiyadech
MKF-001








