မဲခေါင် ဇွန် ၁၈
တရုတ်နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ နယ်စပ်ကုန်သွယ်ရေးရှိခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ ရှမ်းမြောက်တခွင်က ဒေသတွင်းတိုက်ပွဲအပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးနီးနီး ပိတ်ထားလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဆက်တိုက်ကျဆင်းနေတာပါ။
၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီနဲ့ ရှမ်းပြည်နယ်အတွင်းက တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ဒေါ်လာ ၃၄ သန်းသာ ရှိတော့ပြီး မိုင်းလားတပ်ဖွဲ့ရဲ့ဧရိယာ တရုတ်နယ်စပ်နဲ့ အဓိက ကုန်သွယ်မှုပြုနေရတာဖြစ်ပါတယ်။

ရှမ်းမြောက် ဒေသတွင်းတိုက်ပွဲတွေမဖြစ်ခင်က တရုတ်နဲ့ လစဉ်ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံရှိခဲ့တာကြောင့် လက်ရှိမှာ စစ်ကောင်စီရဲ့ တရုတ်နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ ၁၂ % ထိကျဆင်းနေတာပါ။
လက်ရှိမှာ စစ်ကောင်စီဟာ တရုတ်နဲ့နယ်စပ် ကုန်သွယ်ခွင့်ကို ရှမ်းပြည်အတွင်း မိုင်းလား နယ်စပ်ဂိတ်ပေါက်နဲ့ ကချင်ပြည်နယ်မှာ ကန်ပိုင်တည်းဂိတ်ပေါက် ၂ ဂိတ်သာ အသုံးပြုခွင့်ရတာ ဖြစ်တာကြောင့် နယ်စပ်ဂိတ် ၉၀ % ဆုံးရှုံးနေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့ တရုတ်နယ်စပ်ဂိတ်ပေါက်တွေကို အစားထိုးကုန်သွယ်နိုင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ လာအိုနိုင်ငံကို တဆင့်ခံဖြတ်သန်းပြီး တာချီလိတ်မြို့နယ်အတွင်းက မယ်ခေါင်မြစ်ကူးတံတား(ကျိုင်းလတ်)နဲ့ မယ်ခေါင်မြစ်ကြောင်းအသုံးပြုပြီး ဝမ်ပုံဆိပ်ကမ်းကို အသုံးပြုနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
MK-002








