ဒေသတွင်းသတင်း

အကြမ်းဖက်မှုအများစုကို စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တယ်လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက်က ထုတ်ပြန်

မဲခေါင် 17 Jun - 2024
ရှမ်းပြည်တွင်း အကြမ်းဖက်မှုအများစုကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လဲ ကျူးလွန်တာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဲခေါင် ဇွန် ၁၇

ရှမ်းပြည်တွင်း အကြမ်းဖက်မှုအများစုကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လဲ ကျူးလွန်တာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်အတွင်း ကျူးလွန်သူမည်သူမည်ဝါမှန်းမသိဘဲ တရားခံမဖေါ်ထုတ်နိုင်တဲ့ အကြမ်းဖက်မှုတွေလဲရှိနေတယ်လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက်(TSCSO`N) က ဇွန် ၁၆ ရက်နေ့ နေ့စွဲနဲ့ ၁၇ ကြိမ်မြောက် ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အတွက် ထုတ်ပြန်လာတာပါ။

“ တရားခံမဖော်နိုင်သေးတဲ့ အကြမ်းဖက်မှုပေါင်း ၁၁% ရှိပါတယ်။ ကျန်တာတွေကတော့ စစ်ကောင်စီက အများဆုံးကျူးလွန်တာပါ။ ကျမတို့အနေနဲ့ တတ်နိုင်ရာက ဆက်ကြိုးစားသွားပါ့မယ်” လို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက် (The Shan Civil Society Organizatious Network)က ပြောရေးဆိုခွင့်ရှိသူ Nang Vanda က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းပြည်အတွင်း စစ်ဘေးရှောင် ၆၄၀၀၀ အထိရှိနေပြီး အရပ်သားများအပေါ် အကြမ်းဖက်မှု ၇၃ % မှာ စစ်တပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ၁၆ % ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက ကျူးလွန်တာဖြစ်ကာ ၁၁ % ကိုတော့ မည်သူမည်ဝါကျူးလွန်တယ်လို့ သတ်မှတ်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ရှမ်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက် (The Shan Civil Society Organizatious Network) မှာ ပြည်တွင်းပြည်ပ ရှမ်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ကျော်ပါဝင်ပြီး ရှမ်းပြည်အတွင်း အကြမ်းဖက်ဖက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စစ်တမ်းကောက်ယူပြီး မှတ်တမ်းပြုစုထားကာ တရားမျှတမှုရရှိဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ နောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေအတွင်း ရှမ်းပြည်ထဲမှာ လူ ၅ သောင်းကျော် သေဆုံးခဲ့ရပြီး ၅ ထောင်ကျော်ဟာ အရပ်သားပြည်သူတွေဖြစ်ပြီး အမျိုးသမီးနဲ့ကလေးတွေ ၁ ထောင်ကျော်ပါဝင်နေတယ်လို့ သိရပါတယ်။

ပြည်သူ့အိုးအိမ်ပေါင်း ၉ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်မှုထမ်းဥပဒေအရ ၁ သန်းခွဲသော လူငယ်တွေဟာ နည်းလမ်းမျိုးစုံနဲ့ တိုင်းပြည်ရပ်ခြားနဲ့ ပြည်တွင်းစစ်ဘေးလွတ်နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တစ်ဝှမ်းက စစ်ဘေးရှောင်တွေဟာ ထိုင်းနိုင်ငံနယ်စပ် IDPs စစ်ရှောင်စခန်းတွေဖြစ်တဲ့ ကုန်းကျော်၊ လွယ်ကော်ဝမ်း၊ လွယ်လမ်၊ လွယ်တိုင်းလျန်း၊ ကောင်းမှုမိန်းနဲ့ လွယ်ဆမ်ဆစ် စခန်း ၆ ခုမှာ ရှမ်းပြည်သူ အရပ်သား ၅ ထောင်ကျော် ရှိနေဆဲလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီတပ်က WFP ဆန်ဂို‌ဒေါင်ကို ဖောက်ထွင်း ခိုးယူနေတဲ့ ရုပ်သံကို AA ထုတ်ပြန်လာတဲ့အပေါ် ဇော်မင်းထွန်းက ဒေသခံတွေကို ဝေပေးဖို့အတွက် ဖောက်ထွင်းတာလို့ တုန့်ပြန်

ရခိုင်ပြည်၊ မောင်းတောမြို့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ဆန်ဂိုဒေါင်ကို စစ်ကောင်စီတပ်တွေက ၂၁ ရက်နေ့က ဖောက်ထွင်းလုယူခဲ့တယ်လို့ ရခိုင်တပ်တော်(AA)က ဇွန်လ
ဒေသတွင်းသတင်း

တာချီလိတ်က မိတ္တူဆိုင်အလုပ်သမ ထိုင်းဘတ်ငွေ ၃၆ သိန်း လိမ်လည် ထွက်ပြေး

ရှမ်းအရှေ့၊ တာချီလိတ်မြို့က မိတ္တူဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမ တစ်ဦးက ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၃၆ သိန်း(မြန်မာငွေကျပ် တန်းဘိုး သိန်း ၃၆ဝဝကျော်)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီဒေသမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များနေ

ကရင်နီပြည်မှာ မိုးရာသီကာလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ များနေပြီး ဆေးဝါးအခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီရဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးလွတ်ကင်းရာ ပြည်သူ ၄ သောင်း စစ်ရှောင်နေရ

ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ် ၉ ရပ်ကွက်က မြို့ပေါ်နေ ပြည်သူ ၄ သောင်းခန့်ဟာ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးအနားနဲ့ လွတ်ကင်းရာနေရာတွေကို ယနေ့ဇွန် ၂၈ ရက် မနက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ ပြင်ဦးလွင်နယ်စပ်အထိ စစ်မီးကူးစက်လာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက ခမရ-၁၁၅ ကို လက်နက် ၃၈၀ ကျော်နဲ့ သိမ်းဆည်းရမိ

ရှမ်းမြောက်၊ နောင်ချိုမြို့က စစ်ကောင်စီတပ် ခမရ-၁၁၅ ကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီလက်နက် မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရှိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုမြို့မရဲစခန်းကို TNLA က ဝင်ရောက်သိမ်းပိုက်ရာ မူးယစ်ဆေးနဲ့ လိုင်စင်မဲ့ကား ၂ စီး သိမ်းဆည်းရမိ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က မနေ့ ဇွန် ၂၇ က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံရွာနဲ့ မြိုင်နယ်က သံဃာတော်တွေပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို ပူးပေါင်းပါဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တွေက သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုမှာ ဒီကနေ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ကံဆောင်ဆရာတော်တွေကမိန့်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now