မဲခေါင်၊ ဇွန် ၁၄
ရှမ်းမြောက်၊ နောင်ချိုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ သုံးဆယ်ရွာက အမျိုးသား တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ည ၁၁ နာရီ နဲ့ ၁၂ နာရီကြားမှာ အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သုံးဆယ်ရွာဘက်ကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်လို့ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။
လက်နက်ကိုင်တပ်တွေမရှိဘဲ ပြည်သူတွေသာနေထိုင်တဲ့ကျေးရွာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုကြောင့် ဘေးလွတ်ရာကို ရွာသားတွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ရက်ကနေ ၁၂ ရက်နေ့အထိ နောင်ချိုက စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ၁၇ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။
MK-012








