စီးပွားရေး

ရှမ်းတောင်ဈေးကွက်အတွင်း ဂေါ်ဖီထုပ်ဈေး ၁၀ ဆကျော်တက်လို့ စားသောက်ဆိုင်တွေ အခက်အခဲဖြစ်နေ

မဲခေါင် 13 Jun - 2024
ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ ဂေါ်ဖီထုပ်တွေဟာ သင်္ကြန်ကာလမတိုင်မှီက ဂေါ်ဖီထုပ် တစ်ထုပ်ကို ၄၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ရာက ဇွန်လအတွင်းမှာတော့ အထုပ်အကြီးအသေးပေါ်မူတည်ပြီး အများဆုံး ဂေါ်ဖီထုပ်တစ်ထုတ်ကို ၄၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ ဆိုပါတယ်။

မဲခေါင် ဇွန် ၁၃

ဈေးကွက်ထဲ ဂေါ်ဖီထုပ်တွေဟာ ၁၀ ဆ ကျော် ဈေးတက်လာပြီး ပစ္စည်းရှားပါးနေတာကြောင့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ပွဲရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“ဈေးကွက်ထဲမှာ တစ်ထောင်ကျော် နှစ်ထောင်တန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ဖီထုပ် ၅ ထုပ်က အထုပ်ကြီး တစ်ထုပ်စာတောင် မရဘူး။ စားသောက်ဆိုင်တွေဆိုတာက အကင်ဆိုင်ဖြစ်ဖြစ်၊ အထောင်းဆိုင်ဖြစ်ဖြစ်၊ ထမင်းဆိုင်ဖြစ်ဖြစ် ဂေါ်ဖီထုပ်က အသက်ပဲလေနော်။ အခုတော့ အဲဒါထည့်ရမယ့် နေရာကို တခြားအစားထိုး ဘာမှမထည့်ပဲနဲ့လည်ပတ်နိုင်အောင် စီစဉ်နေရတယ်” လို့ တောင်ကြီးတက္ကသိုလ်အနီး စားသောက်ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

နိုင်ငံတစ်ဝှမ်း စားသောက်ဆိုင်တွေမှာ ဂေါ်ဖီထုပ်ကို အကြော်အလှော်၊ အထောင်း၊ အသုပ်၊ အတို့အမြုပ် စတဲ့ နေရာစုံမှာ အသုံးပြုနေကြတဲ့အပြင် အိမ်ရှင်မ အများစုအတွက်လည်း အရံဟင်း၊ အဓိက ဟင်းလျာတွေမှာ အသုံးပြုကြတာကြောင့် အခက်ကြုံနေရတာပါ။

လတ်တလောမှာတော့ ‌ဂေါ်ဖီထုပ်တွေ စံချိန်တင်ဈေးတက်နေပေမယ့် ရှမ်းတောင်ဒေသတွင်းမှာတော့ ရောင်းမလောက်အောင်ဖြစ်နေပြီး တချို့ပွဲရုံတွေမှာလည်း ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။

“စားသောက်ဆိုင်ကြီးတွေတော့ အလုယက်ဝယ်ကြတာပဲ။ သူတို့က ဈေးတင်လို့ကောင်းတယ်လေ။ ပြီးတော့ တဆင့်ပြန်ရောင်းသူတွေပေ့ါ။ ဆိုင်‌သေးတွေတော့ ဘယ်သုံးနိုင်တော့မလဲ။ တောင်သူတွေကတော့ မမြတ်ဘူးလို့ ကြားတယ်” လို့ တောင်ကြီးမြို့တွင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရှမ်းတောင်ဒေသမှာ ဇွန်လ တတိယအပတ်ကတည်းက မိုးဆက်တိုက် ရွာသွန်းတာကြောင့် ဂေါ်ဖီထုပ်စိုက်ခင်းတွေ ပျက်စီးပြီး ဈေးကွက်ပစ္စည်းရှားပါးလာတာကြောင့် ဈေးတက်ရတာလို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းရှိ ရွာငံ၊ ပင်းတယ၊ ကလော၊ ပင်လောင်း စတဲ့ဒေသတွေမှာ ဂေါ်ဖီထုပ်ကို စိုက်ပျိုးကြပြီး လက်ရှိ ဈေးကောင်းရနေပေမယ့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်သားခတွေ ၃ ဆခန့် စျေးတက်နေတဲ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး စိုက်ခင်းတွေ ပျက်စီးကုန်တာကြောင့် တောင်သူတွေအနေနဲ့ အမြတ်နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now