မဲခေါင် ဇွန် ၁၀
မွန်တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရေး-ထားဝယ်လမ်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် အရပ်သားပြည်သူတွေ အသုံးပြုခြင်းမလုပ်ဖို့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
ရေး-ထားဝယ်လမ်းကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် အရပ်သားပြည်သူတွေကို အသုံးပြုခြင်း၊ အရပ်သားအသွင်ယူကာ စစ်အင်အားဖြည့်တင်းမှုတို့ကို ပြုလုပ်နေတဲ့အတွက် ပြည်သူများထိခိုက်မှုမရှိစေဖို့နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးဖော်ဆောင်မှုလွယ်ကူစေရန် ပြည်သူတွေကိုအသိပေး ပန်ကြားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRFက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ရေး-ထားဝယ်လမ်းပိုင်းတလျှောက်ဖြန့်ကျက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန်ထိုးစစ်ဆင်ရန် စီစဥ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ၊ ၉ ရက်ကစတင်ကာ MSRPရဲ့ ထုတ်ပြန်ချက်တစုံတရာ မပြုလုပ်မခြင်း ပြည်သူများမှ ရေး၊ထားဝယ်လမ်းပိုင်းအား အရေးတကြီးမလိုအပ်ပါက လုံးဝ(လုံးဝ) အသုံးမပြုရန် တောင်းဆိုပန်ကြားတယ်လို့ ပြောဆိုထားပါတယ်။
ထုတ်ပြန်ကြေညာချက်အား အထူး(အထူး)လိုက်နာရန်နဲ့ ထုတ်ပြန်ချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့ပါက ဖြစ်ပျက်လာမည့် အကျိုးဆက်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းပြောဆိုပါတယ်။
CJ-015








