မဲခေါင်၊ ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် YwanganPDF-(JPRF) Localအဖွဲ့က အမှတ်စဥ်(၁/၂၀၂၄) အပတ်စဥ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ၊ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
နှစ်လခန့်ကြာမြင့်တဲ့ အဲဒီသင်တန်းမှာ သင်တန်းသားရဲဘော်တွေကို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့ ခက်ခဲ၊ ကြမ်းတမ်း၊ ပြင်းထန်တဲ့ သင်တန်းအမျိုးအစားတွေ ပါဝင်သလို စိတ်ဓာတ်ပိုင်း လိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေး အခြေခံအသိကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့တယ်လို့ JPRF အဖွဲ့က ဆိုပါတယ်။

“သင်တန်းဆင်းပြီးတဲ့ သင်တန်းသားတွေကိုတော့ ဒီတိုင်းထားတာမျိုးမဟုတ်ဘဲ အခြားသောသင်တန်းတွေဆက်တက်ခိုင်းဖို့ရှိတယ်ဗျ။ တိုက်ခိုက်ရေးရဲဘော်တွေကိုတော့ တိုက်ပွဲတိုင်းပွဲတွေမှာ ထုတ်သုံးမှာပါဗျ။ “လို့ JPRF တာဝန်ရှိသူ KP ကပြောပါတယ်။
ဒါ့အပြင် အပတ်စဉ် ၂ ကိုတော့ အခြားမဟာမိတ်တပ်ရင်းတွေနဲ့ ပူးပေါင်းစစ်လေ့ကျင် လုပ်ဆောင်ပြီးတော့မှ ပြန်လည်ဖွင့်လှစ်ပေးဖို့ရှိတယ်လို့လည်း JPRF တာဝန်ရှိသူ KP က ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ တာဝန်ခံ၊ တပ်ရင်းတာဝန်ခံတွေက မိန့်ခွန်းပြောကြားခဲ့ပြီး အခြားမဟာမိတ်အဖွဲ့ဝင်တွေက လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်ရာမှာ လိုအပ်တဲ့အရည်အသွေးတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဖြစ်မြောက်အောင် အမှတ် (၁) စစ်ဒေသ၊ MOD လက်အောက်ခံတပ်ရင်း အမှတ် (၅၁၅) က ကူညီပေးခဲ့တယ်လို့လည်း Ywangan PDF -(JPRF) Local အဖွဲ့က ပြောပါတယ်။
CJ 012












