မဲခေါင်၊ ဇွန် ၁၀
နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားသန်းပေါင်းများစွာ လာရောက်ရာ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ အမြင့်ဆုံး စဉ်ဆက်မပြတ်ရေတံခွန်ကြီးဟာ သဘာ၀ရေတံခွန်အစစ်မဟုတ်ဘဲ ရေပိုက်သွယ်တန်းပြီး အတုလုပ်ထားကြောင်း လည်ပတ်ခဲ့သူတစ်ယောက် သိရှိသွားရာက အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပါတယ်။
ယန်တိုင်းတောင်တည်နေရာဟာ နှစ်ပေါင်း တစ်ဘီလီယံကျော်ကတည်းက ရှိခဲ့တဲ့ သက်ရင့်ကျောင်တွေအသိုက်ရှိ လို့ ယူနက်စ်ကိုက ကမ္ဘာလုံးဆိုင်ရာပထဝီဝင်ပန်းခြံနယ်အဖြစ် သတ်မှတ်ထားပြီး ဒီတောင်ပေါ် အမြင့် ပေ ၁၀၀၀ လောက်ကကျတဲ့ ယန်တိုင်း ရေတံခွန်ဟာလည်း တရုတ်ပြည်ပခရီးသွားကော်မတီရဲ့ အဆင့်အမြင့်ဆုံး သဘာဝရေတံခွန်အဖြစ် သတ်မှတ်ထားပါတယ်။
၂၀၁၉ ခုနှစ်တစ်နှစ်တည်းမှာ ကမ္ဘာလှည့်ခရီးသွား ၁၁ သန်းကျော် လာရောက်လည်ပတ်ခဲ့တဲ့ ယန်တိုင်းရေတံခွန် ကို ခရီးသွားတစ်ယောက်က ထိပ်အထိတက်ပြီး လေ့လာရာမှာတော့ သဘာ၀အတိုင်းစီးတဲ့ရေမဟုတ်ဘဲ ပိုက်လုံး နဲ့ ကျောက်ဆိုင်ကြားသွယ်တန်းကျရောက်စေတာကို တွေ့ခဲ့လို့ ရုပ်သံမှတ်တမ်းယူပြီး တရုတ် လူမှုကွန်ရက် Weibo မှာ တင်ခဲ့ပြီးနောက် ကြည့်ရှုသူ သန်းပေါင်းများစွာရှိခဲ့ပြီး ပြည်ပ ခရီးသွားများစွာလည်း လိမ်ညာခံရမှု ကြောင့် ခံပြင်းဒေါသထွက်ခဲ့ကြပါတယ်။

ဒီပို့စ်မှာ တုံ့ပြန်တဲ့ Reaction ပေါင်း ၁၄ သန်းကျော်သွားခဲ့လို့ တရုတ် အစိုးရအာဏာပိုင်တွေဟာ ရေတံခွန်နဲ့ပန်းခြံ တာဝန်ရှိသူတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာတော့ ၃ ရာသီ စဉ်ဆက်မပြတ်ရေတံခွန်အဖြစ် လူတွေသိ ထားပေမယ့် နွေရာသီမှာ သဘာ၀ရေရင်းမြစ်မလောက်လို့ ပိုက်သွယ်ပြီး ရေတံခွန်းကို စီးဆင်းစေတာဖြစ်ကြောင်း၊ မိုးရာသီမှာတော့ သဘာ၀ရေတံခွန် အစစ်သာဖြစ်ကြောင်း ပန်းခြံနဲ့ ရေတံခွန်တာဝန်ရှိသူတွေက ဝန်ခံသွားခဲ့ပါတယ်။
အဟုတ်မှတ်ပြီး ငွေကုန်ကြေးကျခံသွားရောက်လည်ပတ် ဓာတ်ပုံတွေရိုက်ခဲ့တဲ့ ခရီးသွားတွေကတော့ လိမ်လည် စော်ကားမှုဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ နံပါတ် (၁) အဆင့် ရေတံခွန်ကို အတုလုပ်ထားခြင်းဟာ ရှက်ဖို့ကောင်း လှကြောင်း၊ တရုတ်လူမျိုးတွေအတွက်လည်း အရှက်ရစရာဖြစ်ခဲ့ရတယ်လို့ မှတ်ချက်တွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
Ref:Thesun
MKF-001










