မဲခေါင်၊ မေ ၂၄
ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းနဲ့ ပညာရေးဝန်းထမ်းတွေကို ဦးစာပေးခေါ်ယူပြီး ဝန်ထမ်းအနည်းငယ်သာကျန်ရှိနေတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေ ပုံမှန်မလည်ပတ်နိုင်ဘူးလို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကောင်စီတွေက ကြိုးစားနေတယ် ဒါပေမယ့် ဝန်ထမ်းတွေနည်းတယ် ကျောင်းတက်တဲ့ကလေးတွေလည်း မရှိသလောက်တော့ဖြစ်နေတယ် အဲတာကြောင့် ပုံမှန်ပြန်ဖြစ်တော့ မလွယ်ဘူး ထင်တယ်၊ ကျန်တဲ့ဌာနတစ်ချို့ကတော့ စစ်ကောင်စီတပ်ထဲက လူပဲရှိတော့တယ်” လို့ပြောပါတယ်။
မြို့ထဲအတွင်းမှာ ရှိနေတဲ့သူတွေတစ်ချို့ဟာ ကျောင်းတက်ရမယ့် ကလေးတွေကို တစ်ခြားမြို့မှာ ကျောင်းထားတာဖြစ်ပြီး မိုးမိတ်မြို့အတွင်းက လုံခြုံရေးမရှိတာကြာင့် ဒေသခံက စိုရိမ်းနေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် မိုးမိတ်မြို့အတွင်းက နေအိမ်ထက်ဝက်ကျော်မီးရှို့ခံရတာ လက်နက်ကြီးကြောင့်ထိခိုက်ပျက်ဆီးခဲ့တာတွေရှိပြီး နေအိမ်ဖောက်ထွင်းခိုးခံတဲ့တာရှိခဲ့တဲ့အတွက် ပျက်စီးနေတဲ့နေအိမ်တွေကို အိမ်ရှင်တွေဟာလည်း ပြန်တည်ဆောက်ခြင်း ပြန်လာ ပြုပြင်ခြင်းတို့မရှိသေးဘူးလို့ ဒေသခံကဆိုပါတယ်။
မိုးမိတ်မြို့ ဒေသခံလူထုတွေဟာ တိုက်ပွဲထက်မံဖြစ်ပွားမှာ စိုးရိမ်နေကြပြီး မြို့ကနေအိမ် မပြန်နိုင်ပဲ လက်ရှိအချိန်ထိ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့ပေါ်က အုန်းချောဟောင်း၊ အုန်းချောသစ်၊ ညောင်နီ၊ အာသံ၊ လည်ကြီး၊ ရွှေဇာလီကျေးရွာ၊ သရက်တော စတဲ့ကျေးရွာတွေအပါအဝင် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးတစ်ဝိုက်က အရပ်သား ၂ သောင်းကျော်လောက် ဘေးလွှတ်ရာဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ မြို့တွေအပြင် မိုးကုတ်၊ ပြင်ဦးလွင်နဲ့ မန္တလေးမြို့ကြီးတွေထိ စစ်ရှောင်နေရသူတွေရှိတယ်လို့လဲ သိရပါတယ်။
MK 011








