ဒေသတွင်းသတင်း

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

မဲခေါင် 23 May - 2024
လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

မဲခေါင် မေ ၂၃

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

အရင်က မနက်စာ ထမင်းကြော်၊ နေ့လည်စာ ပဲဟင်းနဲ့ တစ်ပတ်မှာ အသား ၄ ကြိမ်ကျွေးရာကနေ ထောင်ဝင်စာဖြတ်ထားတဲ့ ၆ လကျော်ကာလအတွင်း လူ ၁‌၀ ယောက်စာအတွက် ထမင်းနဲ့ ငပိရည်တစ်ဇွန်းပဲ ရရှိတော့တယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေကို အဟာရလျှော့ချပြီး နောက်ပိုင်း အကျဉ်းသားတွေ အဟာရလုံလောက်အောင် မရရှိတာကြောင့် ကျန်းမာရေးချို့တဲ့သူများလာသလို အဟာရချို့တဲ့ပြီး သေဆုံးတာတွေ ရှိနေတာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တဲ့ ကိုထားဖိုက “သူတို့ အနေနဲ့ ထောင်တိုင်းကို ရိက္ခာခွဲဝေတဲ့စနစ် ရှိတယ်ပေါ့နော်၊ အကျဉ်းသားတစ်ယောက်ကို အသားက ဘယ်လောက် ထမင်းက ဘယ်လောက်ဆိုပြီး ကျွေးရမယ်ဆိုတာမျိုး ရှိတယ်ပေါ့၊ အခုက သူတို့ဘက်က အဟာရကို လျှော့လိုက်တဲ့အပြင် ထောင်ဝင်စာကလည်း ဖြတ်ထားတော့ ရှိတာလေးနဲ့ပဲ စားနေရတာပေါ့နော်၊ အကုန်လုံးက ငပိရည်နဲ့ ထမင်းကြမ်းပဲရတော့ အဟာရချို့တဲ့ပြီး ရောဂါဖြစ်ကြတယ်ပေါ့နော်” လို့ ပြောပါတယ်။

လတ်တလော အဟာရ လုံလောက်အောင် မရရှိတဲ့ နောက်ဆက်တွဲ အနေနဲ့ ဝမ်းရောဂါ၊ အောက်ပိုင်းချိနဲ့တဲ့ရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည်ရောဂါတွေ ကြုံနေရသူ ၂၀ ကျော်ခန့် ရှိပြီး လုံလောက်တဲ့ ဆေးကုသမှုလည်း မရရှိကြဘူးလို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒါက စစ်ဖြစ်နေတဲ့ ကာလဆိုတော့ အကျဉ်းသားတွေရဲ့ ရှင်သန်ရပ်တည်နိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံရေးဦးဆောင်သူတွေက တာဝန်ယူရမှာပေါ့၊ စစ်ပွဲကာလဆိုတော့ အချင်းချင်း ညှိနှိုင်းရခက်တဲ့ ကာလတွေမှာ ကြားခံညှိနှိုင်းပေးမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း လိုအပ်တာပေါ့နော်၊ အခုဆိုရင် အာဏာသိမ်းစကတည်းက အခုထိ နိုင်ကျဉ်းတွေအတွက် ဘယ်အဖွဲ့အစည်းကမှ ကူညီတာမျိုး မရှိသေးဘူး” လို့ ကိုထားဖိုက ဆက်ပြောပါတယ်။

လွိုင်ကော်ထောင်မှာ နိုင်ကျဉ်း ၁၁၀ ကျော်အပါအဝင် အကျဉ်းသား ၄၀၀ ကျော်ရှိပြီး နိုင်ကျဉ်းတွေအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)တို့က တစ်စုံတစ်ရာထောက်ပံ့တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တုန်းကလည်း လွိုင်ကော်ထောင်မှာ နိုင်ကျဉ်းတစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဂျော့မောင်ငယ် စစ်ကြောရေးမှာ သေဆုံးခဲ့ပြီး မိသားစုဝင်တွေဘက်က အလောင်းပြန်မရခဲ့ဘူးလို့ နီးစပ်သူတွေဆီကတဆင့် သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now