မြန်မာ့နွေဦး

PNO က နောင်ရင်းဒုံရွာသူကြီးနဲ့ ညီဖြစ်သူကို သတ်ဖြတ်ပြီးနောက် မိသားစုပိုင်ကားကိုပါက လာသိမ်းသွား

မဲခေါင် 13 May - 2024
ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်က နောင်ရင်းဒုံရွာသူကြီးနဲ့ ညီဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်နဲ့အဖွဲ့က ပြီးခဲ့တဲ့ မေလ ၉ ရက်က ဆီဆိုင်မြို့နယ် နောင်ရင်းဒုံရွာ သူကြီးညီအစ်ကို(၂)ယောက်ကို ဆွေးနွေးစရာရှိလို့ ခဏပြန်လာဖို့ လိမ်လည်ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး မိသားစုပိုင် ကုန်တင်ကားကို ထပ်မံလာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၁၃

ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်က နောင်ရင်းဒုံရွာသူကြီးနဲ့ ညီဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်နဲ့အဖွဲ့က ပြီးခဲ့တဲ့ မေလ ၉ ရက်က ဆီဆိုင်မြို့နယ် နောင်ရင်းဒုံရွာ သူကြီးညီအစ်ကို(၂)ယောက်ကို ဆွေးနွေးစရာရှိလို့ ခဏပြန်လာဖို့ လိမ်လည်ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး မိသားစုပိုင် ကုန်တင်ကားကို ထပ်မံလာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်ညမှာ အသတ်ခံရသူ သူကြီး ခွန်ဇာခွန်နဲ့ ညီ ခွန်ပလွန်တို့ရဲ့ မိသားစုပိုင် ကုန်တင်ကားကို ထပ်မံလာရောက် သိမ်းဆည်းသွားခဲ့တာပါ။

ကားကို လာသိမ်းတဲ့အချိန်မှာ ခွန်ဇာခွန်ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ထောက်ပံ့နေတာလို့ စွပ်စွဲပြီး လာသိမ်းသွားခဲ့တာပါ။ ကားလာရောက်သိမ်းတဲ့အချိန်မှာ PNO ပြည်သူ့စစ်တွေဟာ အရက်တွေမူးရူးနေပြီး အမျိုးသမီးတွေသာရှိတဲ့ နေအိမ်ပေါ်ကို တက်ရောက်ကာ မိသားစုတွေကို ခြိမ်းခြောက်ပြီး ကားကိုသိမ်းယူသွားတာလို့ သိရပါတယ်။

ခွန်ဇာခွန်ဟာ PNLO ရဲ့ အဖွဲ့ဝင်/ တပ်ဖွဲ့ဝင်လည်း မဟုတ်သလို PNLO နဲ့လည်း ဘာမှ ပတ်သက်တာ မရှိပါဘူး။ အမှန်ကတော့ ခွန်ဇာခွန်ဟာ နောင်ရင်းကျေးရွာက အားကိုးအားထားပြုရတဲ့ လူငယ်တစ်ဦးဖြစ်လို့ ကျေးရွာက ရွာသူကြီးအဖြစ်တင်မြောက်ထားတာဖြစ်ပြီး ခွန်ဇာခွန်ဟာ ရပ်ရွာအတွင်း လူငယ်တွေ မူးယစ်ဆေးမသုံးအောင်၊ ရပ်ရွာတိုးတက်အောင်၊ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ရွာခေါင်းဆောင်သူကြီး တစ်ဦးသာဖြစ်တယ်လို့ PNLO က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဲ့သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်နေတဲ့ Jusiice for Myanmar အဖွဲ့ရဲ့ ရှမ်းတောင် တာဝန်ရှိသူတစ်ဦးကတော့ အပြစ်မဲ့ပြည်သူကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ PNO ပြည်သူ့စစ် ခွန်လယ်နဲ့ အဖွဲ့ကို စစ်ရာဇဝတ်ကောင်စာရင်းမှာ ထည့်သွင်းထားပြီး ၄င်းတို့ကိုတိုက်ပွဲအတွင်းမှာ ဖမ်းမိတာဖြစ်ဖြစ် ၊ စစ်ပွဲတွေရပ်ဆိုင်းသွားတဲ့အခါမှာပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ တရားစီရင်ရေးနဲ့ စီစဉ်ဆောင်ရွက်သွားနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းတောင်၊ ပအိုဝ်းဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၆၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရှိမှု ၉၂ ဦးရှိပြီး၊ အသက်(၁၀)နှစ်အောက်ကလေး ၁၀ ဦးနဲ့ အသက်(၁၅)နှစ်အောက် ကလေး ၁ ဦးသေဆုံးခဲ့ပြီး ကလေးသူငယ်သေဆုံးမှုတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ပစ်ခတ်လို့ သေဆုံးခဲ့တာလို့ မေလ ၁၃ ရက်နေ့မှာ PYO ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

MK-012

MeKongNews

လူသတ်မှု

နောင်ရင်းဒုံ

ဆီဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now