မဲခေါင်၊ မေလ ၁၁ရက်
ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
အဆိုပါ အခွန်ဆောင်တဲ့နေရာဟာကို မန့်ဝန်းကျေးရွာဘုန်းကြီးကျောင်းကို လာဆောင်ခိုင်းတာဖြစ်ပြီး တစ်ဆိုင်ကို ၆သိန်းထက်မနည်းတောင်းတယ်လို့ ကုန်စုံဆိုင်ရောင်းနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ SSPP တပ်သား ၂ ဦးက အခွန်စာရွက်တွေကိုလိုက်ပေးတယ် အခွန်ဆောင်တာ ဘယ်လာက်လဲမပြောဘူး တစ်ချို့ဆိုင်တွေဆိုရင် ၆ သိန်း နာမည်တပ်ပြီ တောင်းတယ် အနည်းဆုံး ၁ သိန်းခွဲပဲ ဆိုင်သေးသေးလဲမရဘူး အခွန်ဆောင်ရတယ် ကျနော်တို့ဆိုင်အသေးတွေဆို အရင်က တခါမှအခွန်မပေးရဘူး ရောင်းရင်တောင် အမြတ်ဘာမှမရဘူး တစ်ထုတ်မှ ၁၀၀ မြတ်တဲ့ မုန့်တွေပဲရောင်းတယ်” လို့ မဲခေါင်ကိုပြောပါတယ်။
ကုန်စုံဆိုင်အသေးစုကို အခွန်ဆောင်ရမဲ့ ငွေပမာဏ အခွန်စာရွက်ပေါ်မရေးထားတာကြောင့် ဖုန်းဆက်မေးမြန်ခဲ့ရာ တစ်သိန်းခွဲပေးရမယ်လို့ SSPP ကပြန်ပြောတယ်လို့ ၎င်းကဆိုပါတယ်။
မူဆယ်မှာ လက်နက်ကိုင်တပ်ဖွဲ့အများလှုပ်ရှာတဲ့နယ်မြေ ဖြစ်တာကြောင့် ဆိုင်အများစုက တပ်ဖွဲ့တိုင်မှာ အခွန်ဆောင်တာတွေ ရှိနေပါတယ်။
မူဆယ်နဲ့နမ့်ခမ်းကြားမှာ စစ်ကောင်စီဂိတ်အနီး SSPPတပ်ဖွဲ့က တပ်စွဲထားပြီး စစ်ဆေးရေးဂိတ်ပြုလုပ်ခဲ့ကာ ကုန်တင်ကားတွေကို အခွန်ကောက်မှုပြုလုပ်နေပါတယ်။
အခုလို မူဆယ်မြို့နယ်အတွင်း အခွန်ကောက်မှုနဲ့ပက်သတ်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်ဆုကို မဲခေါင် သတင်းဌာနက မေးမြန်းဖို့ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါ။
MK 011








