စစ်ရေးသတင်း

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

မဲခေါင် 25 Apr - 2024
အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅ ရက်မှာ အဲ့ဒီ့တပ်ရင်းက တာဝန်ရှိသူတွေထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၅

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅ ရက်မှာ အဲ့ဒီ့တပ်ရင်းက တာဝန်ရှိသူတွေထံက သိရပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ရဲဘော်တွေ အထိခိုက်နည်းအောင် ရဲဘော်တွေကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ဖို့ ကျည်ကာဦးထုပ်(Helmet) တပ်ဆင်ပေးနိုင်ရန် ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်ရတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းထိခိုက်လို့ ကျဆုံးတာ၊ ပြင်းထန်ဒဏ်ရာတွေရတာကြောင့် ခေါင်းနဲ့ ဗိုက်ကိုကာကွယ်နိုင်ဖို့ လိုအပ်နေတဲ့ ကျည်ကာ ဦးထုပ် ကို အဓိက ထား ရန်ပုံငွေရှာဖွေရတာလို့ ၁၀၀၉ IPDF ရဲ့တပ်ရင်းမှူး အင်းဆားကူးက ပြောပါတယ်။

“ခု ဧပြီ ၁၃ ရက် က ဖြစ်တဲ့ ရဲဘော်တစ်ယောက်လဲ ခေါင်းထိလို့ နောက်စေ့ပွင့်ပြီး ကျသွားရတာ၊ ပြီးခဲ့တဲ့ ၂၀၂၃ ၊ ၁၂ ပိုင်း ၁၁ ရက်နေ့က ကျသွားတဲ့ရဲဘော်ကလည်း ခေါင်းထိပြီးတော့ ကျသွားတယ်ဆိုတော့ ကျနော့်ရဲဘော်တွေရှေ့တန်းမှာ ခေါင်းထိလို့ကျတာ၊ ဆေးရုံတက်ကုသနေရဆဲသူတွေလဲရှိနေတာကြောင့် ရှေ့မှာ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ခေါင်းအဓိက မထိအောင် တပ်ရင်းအနေနဲ့ ဦးထုပ်ကမ်ပိန်းလုပ်ရတာပါ” လို့ မဲခေါင်ကိုပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာ ရဲဘော်တွေ ကျဆုံးရတာဟာ ခေါင်းနဲ့ဗိုက်ကို ထိလို့ ကျဆုံးရဖြစ်လို့ ဦးထုပ်နဲ့ ကျည်ကာ Vest တွေ ရဲဘော်တွေအတွက် ရစေချင်တာလို့ ယင်းတပ်ရင်းရဲ့ ဆေးမှူး CDM သူနာပြုဆရာမ မယ်ကြာချည်သန့်က မဲခေါင်ကို ပြောပါတယ်။

“လေယာဉ်ကလဲ တအားလာ ပစ်ခတ်ဗုံးကြဲ၊ ရဲဘော်တွေလဲ ခေါင်းနဲ့ဗိုက်အများဆုံးထိ၊ ကျဆုံးတာအပြင် ခုလဲ ဆေးရုံမှာကုသဆဲရဲဘော်တွေလည်းရှိနေသေးတယ်၊ လိုတာတော့ အများကြီးပဲ၊ လောလောဆယ်တော့ ဦးထုပ်ကို ဦးစားပေးလိုက်တာပါ၊ အမှန်တော့ ပြီးခဲ့တဲ့နှစ်ကုန်ကတဲက ဝယ်ပေးချင်နေတာ၊ ရဲဘော်သစ်က များလာတော့ သေနတ်နဲ့ကျည်လိုအပ်ချက်များလာလို့ အဲဖက်ကိုဖြည့်ဆည်းရင်း နောက်ထပ်ရဲဘော်တွေကျရတာ၊ ခုတော့မကြည့်ရက်တော့ဘူး၊ ဦးထုပ်ကို ဦးစားပေးရန်ပုံငွေရှာရတာပါ၊ ကျမတို့မှာ ပြည်သူက အဓိကပါ” လို့ သူက မဲခေါင်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃တိုက်ပွဲအတွင်း ၁၀၀၉ IPDF က ရဲဘော် ၂ ဦးကျဆုံးသလို တပ်ရင်းမှူးတွင်လည်း ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့တာအပြင်အခြား ရဲဘော်အချို့လဲ ထိခိုက်မှုတွေရှိနေခဲ့တယ်လို့ သိရပါတယ်။

အင်းလေး ၁၀၀၉ IPDF တပ်ရင်းဟာ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ ကာကွယ်ရေးတပ်ဖြစ်လို့ အဝေးရောက် အင်းသူအင်းသားတွေ၊ ပြည်ပနိုင်ငံခြားရောက် အင်းသူအင်းသားတွေနဲ့ အင်းသားမဟုတ်ပေမယ့် အင်းသူ/အင်းသား၊ အင်းလေးကိုချစ်တဲ့ မိဘပြည်သူ အလှူရှင်တွေ ပါဝင်ကူညီပေးကြဖို့ အင်းလေးသို့အပြန်၊ 1009 ipdf စတဲ့ ထောက်ပို့အဖွဲ့ရဲ့ အွန်လိုင်းစာမျက်နှာတွေကတဆင့်ဆက်သွယ် ကူညီထောက်ပံ့ပေးကြဖို့ နှိုးဆော်ထားပါတယ်။

ကမ်ပိန်းကာလကို ဧပြီလ ၂၅ ရက် ကနေ ဇွန်လ ၁၅ ရက်အထိ သတ်မှတ်ထားပြီး ဦးထုပ် ၁ လုံးကို ကျပ်ငွေ ၄သိန်းခွဲနဲ့ အလုံး ၁၀၀ စာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 1009 IPDF ဟာ မိုးဗြဲ၊ ဖယ်ခုံ၊ နောင်ဝိုးနဲ့ အင်းလေးဒေသ ညောင်လေးပင် တကြောမှာ မဟာမိတ်တပ်ရင်းတွေနဲ့အတူ တိုက်ပွဲဝင်နေကာ အင်းလေးဒေသကို ထိုးဖောက်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now