ဒေသတွင်းသတင်း

ဆီဆိုင်မြို့ကနေ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူ ၃၀၀ ကျော် ရိက္ခာအရေးပေါ် လိုအပ်နေ

မဲခေါင် 18 Apr - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ဟိုခဲရပ်ကွက်က ဒေသခံ ၃၀၀ လောက် စားရေရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းစစ်ဘေးရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ဟိုခဲရပ်ကွက်က ဒေသခံ ၃၀၀ လောက် စားရေရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းစစ်ဘေးရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆီဆိုင်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ဟိုခဲရပ်ကွက်က ၁၅၀ ဦးခန့်နဲ့ နောင်ထော်ရေလယ်ကျွန်းက ၁၅၀ ခန့် စုစုပေါင်း ၃၀၀ လောက်ဟာ တောတောင်ထဲ စစ်ဘေးရှောင်ရင်း ရက်ကြာလတာနဲ့အမျှ ရိက္ခာတွေအတွက် အခက်အခဲဖြစ်လာတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“ရက်ကြာလာတော့ ဝင်ငွေမရှိ စားစရာကလည်း အိမ်ပြန်ယူရင်တောင်မရှိတော့သလို ရှာဖွေစားသောက်ဖို့တောင် ခက်ခဲလာတယ်၊ တနေ့ လုပ်တနေ့စားဖို့တောင်အနိုင်နိုင်ဖြစ်နေကြပြီ၊ ကျမညီမဆို ခဏပဲစစ်ရှောင်တာဆိုပြီး ဘာမှ မပါခဲ့ဘူး၊ နေဖို့ကလည်း တဲထိုးဖို့တောင် ပိုက်ဆံမရှိလို့ ကျမနဲ့ကပ်နေရတာ၊ မိသားစုများရင်ပိုခက်ခဲကြတယ်၊ အဝတ်အစားကတော့ ဖြစ်သလိုနေလို့ ရသေးတယ်၊ စားစရာက အရေးကြီး အရမ်းကိုလိုနေပြီ၊ ပြန်စရာအိမ်ကလည်း မီးလောင်ပြာကျသွားတော့ နေစရာလဲ မိုးမကျမီလိုအပ်လာကြပြီ၊ အရမ်းခက်ခဲနေကြတယ်” လို့ မဲခေါင်ကို ပြောပါတယ်။

မီးဖွားတော့မယ် ကိုယ်ဝန်ဆောင် ၁ ဦးမှာလည်း အခက်အခဲတွေရှိနေသလို နို့စို့အရွယ်လသား ၂ ဦးနဲ့နို့တိုက်မိခင်တွေ၊ မသန်စွမ်းသက်ကြီးရွယ်အိုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ရေလယ်ကျွန်းက ဦးရေ ၁၅၀ လောက်မှာ လေဖြတ်သူ ၁ ဦးရှိနေတယ်၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေ၊ ကလေးသူငယ်တွေ အများအပြားလဲရှိနေတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖျားနေတဲ့သူ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူတွေနဲ့ ယားနာပေါက်နေတဲ့ကလေးတွေ အများအပြားရှိနေသလို ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိတာဖြစ်လို့ မဖြစ်မနေ အရေးပေါ်အကူအညီတောင်းရတာလို့ ပြောပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်တဲ့စာရင်းအရ စစ်ဘေးရှောင် ၇ သောင်းကျော်ရှိပြီး ယင်းအနက် ရွာတွေက စစ်ဘေးရှောင်တွေဟာ အခြေအနေအရ ပြန်လို့ရနေပေမယ့် ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်ဒေသခံတွေကတော့ ပြန်စရာအိမ်မရှိသူများပြားနေပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now