ဒေသတွင်းသတင်း

နိုင်ငံရေးပို့စ်တွေ မျှဝေလို့ အင်းလေးဒေသခံ ၂ ဦး ဖမ်းခံရ

မဲခေါင် 17 Apr - 2024
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမ၊ ပြင်လွန်ရပ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ဦးဟာ ဒီနေ့ (ဧပြီ ၁၇)အထိ ပြန်မလွတ်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမ၊ ပြင်လွန်ရပ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ဦးဟာ ဒီနေ့ (ဧပြီ ၁၇)အထိ ပြန်မလွတ်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

သူတို့ ၂ ဦးဟာ လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှာ နိုင်ငံရေးအကြောင်းအရာ (Post)တွေကို ဝေမျှ (Share)ခဲ့တာကြောင့် ဧပြီလ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက “မိန်းကလေးက နိုင်ငံရေးပိုစ့်တွေ ရှယ်လို့တဲ့။ သူ့ Post တိုင်းမှာ ဖမ်းချင် ဖမ်းလို့ရတယ်လို့ တည့်ရေးထားတာ။ သူ့အိမ်နေရာလည်း ပြောပြထားတယ်။ ယောင်္ကျားလေးကတော့ PDF တွေနဲ့ အဆက်အသွယ်ရှိလို့ ပြောတယ်။ နိုင်ငံရေးပိုစ့် ရှယ်တာက ဟုတ်တယ်။ PDF အဆက်သွယ်ရှိတာက သက်သေမပြနိုင်ပါဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးဟာ မောင်နှမတွေဖြစ်ပြီး မြတ်နိုင်းအိမ် အကောင့်ပိုင်ရှင် အသက် ၄၀ အရွယ် မမြင့်ကြည်နဲ့ အသက် ၂၅ နှစ်အရွယ် အယ်လဲကူးတို့ ဖြစ်တယ်လို့ အိမ်နီးချင်းတွေဆီက သိရပါတယ်။

သူတို့ရဲ့ မိတ်ဆွေ တစ်ဦးက “ယောင်္ကျားလေးကတော့ စစ်မှူထမ်းကြောက်လို့ PDF ထဲဝင်မယ် ပြောထားတာတွေ ရှိတယ်။ အဲဒါကို ဒလန်တွေ ကြားသွားလို့ တိုင်လိုက်တာ။ စစ်မှုထမ်းခိုင်းဖို့ ဖမ်းတာလို့လည်း ပြောနေတယ်။ ဘယ်လိုလဲတော့ မသိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ သူတို့ ၂ ဦးကို နန်းပန်မြို့၊ နယ်မြေ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)ရဲ့ စစ်ကြောရေးစခန်းကို ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခု ဖြစ်စဉ်မှာ ရွာခံ အများစုက ဒေါက်တာထွန်းလှိုင်ရဲ့ သမီး ဒေါ်မြတ်ကြေးမှုံက သတင်းပေးခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောဆိုထားပေမယ့် အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now