စစ်ရေးသတင်း

နောက်ဆုံးကျန်တဲ့တပ် တရုတ်နိုင်ငံထဲ ထွက်ပြေးသွားလို့ လွယ်ဂျယ် စစ်ကောင်စီကင်းစင် နယ်မြေဖြစ်ပြီ

မဲခေါင် 9 Apr - 2024
လွယ်ဂျယ်မြို့မှာ ယမန်နေ့ ဧပြီလ ၈ ရက်‌နေ့ည ၁၀ နာရီခန့်က စစ်ကောင်စီ စခန်းထဲကျန်‌နေတဲ့ စစ်ကောင်စီတွေ တရုတ်ဘက် ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီလို့ ဒေသခံတွေနဲ့ KIA ‌ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့မှာ ယမန်နေ့ ဧပြီလ ၈ ရက်‌နေ့ည ၁၀ နာရီခန့်က စစ်ကောင်စီ စခန်းထဲကျန်‌နေတဲ့ စစ်ကောင်စီတွေ တရုတ်ဘက် ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီလို့ ဒေသခံတွေနဲ့ KIA ‌ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းရှိတဲ့ လွယ်ဂျယ်မြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီစခန်းဟာ ခလရ-၁၄၂ ဖြစ်ပြီး အဲ့ဒီတပ်က လူတွေအကုန်လုံး တရုတ်နိုင်ငံထဲ ဝင်ပြေးသွားလို့ စစ်ကောင်စီကင်းစင် နယ်မြေဖြစ်သွားတာပါ။

“ လွယ်ဂျယ် စစ်ကောင်စီတပ်ထဲက စစ်ကောင်စီ စစ်သည် ၆၃ ယောက် ကားကြီး ၂ စီးနဲ့ မနေ့ည ၁၀ နာရီ အချိန်လောက် တရုတ်ဘက်ခြမ်း ရှောင်ဝင်သွားပြီ။” လို့ KIA ‌ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက် မှာတော့ စစ်ကောင်စီတပ်ထဲ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်ပြီး ရှင်းလင်းလိုက်ပြီ လို့ သူက ပြောပါတယ်။

“ ‘နယ်စပ် တံခါးပေါက်ကြီး မဝင်ခိုင်းပါဘူး။ KIA နဲ့ ပူးပေါင်း အဖွဲ့ ကလည်း အဲဒီ ချောင်းရှိတဲ့ဘက်ပဲ လမ်းဖွင့်ထားပေးတာတဲ့။ တံခါးပေါက် အကြီးဘက်က အကုန်စောင့်ထားလိုက်ပြီလေ။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တရုတ်ဘက်က ခိုးပေါက် တံခါးပေါက်ကနေ ဝင်ခိုင်းပြီး လာခေါ်ယူသွားပုံရတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကစ လွယ်ဂျယ်ကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တက်ဖွဲ့တွေက ဝိုင်ရံ ပိတ်ဆို့ထားရာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်တပ်၊ ရဲ အရာရှိပိုင်းတွေက တရုတ်သူဌေးတွေရဲ့ ကားနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တောင်ပေါ်လမ်းကနေ ဗန်းမော်ဘက် ထွက်သွားတာဖြစ်ပြီး စစ်တပ်မှာ ကျန်နေခဲ့တဲ့ စစ်ကောင်စီတွေက ယမန်နေ့ညက တိတ်တဆိတ် ထွက်ခွာကာ တရုတ်နယ်စပ် လားရင်းဘက် ခိုးပေါက်ကနေ ရှောင်ဝင်သွားတာ လို့ ဆိုပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now