စစ်ရေးသတင်း

တောင်ကြီးမှာ တစ်ရပ်ကွက်လုံး စစ်မှုထမ်းခွင့် ဆိုင်းငံ့ဖို့ သိန်း ၂၁၀ ပေးရ

မဲခေါင် 5 Apr - 2024
တောင်ကြီးမြို့၊ မြို့မရပ်ကွက်ကို စစ်မှုထမ်းအလှည့် ယာယီဆိုင်းငံ့ဖို့ စစ်ကောင်စီတပ်က တစ်နှစ်စာ သိန်း ၂၁၀ ကောက်ခံထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ကို စစ်မှုထမ်းအလှည့် ယာယီဆိုင်းငံ့ဖို့ စစ်ကောင်စီတပ်က တစ်နှစ်စာ သိန်း ၂၁၀ ကောက်ခံထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဧပြီလအစတည်းက အုပ်ချုပ်ရေးမှူးနဲ့ လက်အောက်ခံ ရာအိမ်မှူးတွေ ကောက်ခံနေတာဖြစ်ပြီး လကုန်‌လောက်မှာ အပြီးသတ်ပြင်ဆင်ထားကြဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံတွေ့ရသူ ရပ်ကွက်နေ ပြည်သူတစ်ဦးက ” တစ်ယောက်ကို သိန်း ၇၀၊ ရပ်ကွက်အနေနဲ့ ၃ ယောက်ဆိုတော့၊ တစ်နှစ်စာအတွက် သိန်း ၂၁၀ ပေါ့၊ အဲ့ဒါကို မထည့်ရင် မဲနှိုက်မယ်၊ ထည့်ရင်တော့ သူတို့လူစားထိုးပေးမယ်ပေါ့၊ ကောက်တာလဲ သူတို့မဟုတ်ဘူးပေါ့၊ အထက်က ကောက်တယ် ပြောတာပဲ ” လို့ ပြောပါတယ်။

အဲဒီ သိန်း ၂၁၀ အတွက် အနိမ့်ဆုံး ၁ သိန်း ထည့်ဝင်ရမှာ ဖြစ်ပြီး ငွေကြေးတောင့်တင်းတဲ့ အိမ်ထောင်စုတွေက ၅ သိန်းအထိ ထည့်ဝင်ရမယ်လို့ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

“အခုမထည့်လည်း ရတယ်၊ ဒါပေမယ့် ကိုယ်ထည့်မယ့် ပမာဏကို စာရင်း ကြိုပေးရမှာ၊ အဲအတိုင်း လမကုန်ခင် ထည့်ရမှာ၊ အခုက စာရင်း ကြိုကောက်ထားတာပေါ့” လို့ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆက်ပြောပြပါတယ်။

မြို့မရပ်ကွက်နေ ပြည်သူ တချို့အနေနဲ့ စစ်မှုထမ်းစရိတ် ငွေကျပ် သိန်းဂဏန်းပေးဆောင်ဖို့အတွက် စိုးရိမ်ပူပန်နေရပြီး မဖြစ်မနေ သတ်မှတ်ထားတာကြောင့် ငွေတိုးယူပြီး ထည့်ဝင်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့မှာ စစ်မှုထမ်းယာယီဆိုင်းငံ့ဖို့ ကောက်ခံနေတာအပြင် သင်္ကြန်ပွဲအတွက်လည်း ရဲတွေက အရပ်ဝတ်နဲ့ တစ်အိမ်တက်ဆင်း အလှူငွေ လာကောက်နေကြပြီး Non-CDM ဝန်ထမ်းတွေကို မဖြစ်မနေ ပါဝင်ခိုင်းထားတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now