မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

မဲခေါင် 28 Mar - 2024
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့ မတ်လ ၂၈ရက်မှာ ပြေလည်မှုရရှိခဲ့တယ်လို့ အဲဒီတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ – လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့ မတ်လ ၂၈ရက်မှာ ပြေလည်မှုရရှိခဲ့တယ်လို့ အဲဒီတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“သိန္နီကတော့ အစဉ်အဆက် ရှမ်း ပဲလေ။ ဒါပေမယ့် ကိုးကန့်ကလည်း အဲဒီနေရာကို မသိမ်းလို့မရဘူး။ ကွမ်လုံရဲ့ ဝင်ပေါက်လေ။ ပြီးသွားပါပြီ။ နမ့်စလပ်နားမှာဖြစ်တာ ပြီးသွားပြီ” လို့ သူက ပြောပါတယ်။

“တနေ့က မတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင် လောက်ကိုင် သွားတဲ့ ကွမ်းလုံလမ်း၊ နမ့်စလပ်နားက ရှမ်းရွာမှာ MNDAA နဲ့ SSPP/SSA တွေ တိုက်ပွဲဖြစ်တာ။ လူတွေ ထိတယ်လို့တော့ ပြောတယ်။ အတိကျ မသိရဘူး။ နမ့်စလပ်နားမှာက မနေ့ မတ် ၂၇ ရက်နေ့အထိ ရှုပ်ထွေးနေတုန်းပဲ။” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

မတ်လ ၂၆ရက် ညနေ ၃နာရီခွဲဝန်းကျင်က စတင်ခဲ့တဲ့ MNDAA နဲ့ SSPP/SSA တို့ရဲ့ တိုက်ပွဲကြောင့် မတ်လ ၂၇ရက်အထိ တိုက်ပွဲ ဖြစ်ပွားနေချိန် ခရီးသွားကားတွေကို ဖြတ်သန်းခွင့် ခဏတဖြတ် ပိတ်ထားတာရှိပေမယ့် ကားလမ်း လုံးဝ ပိတ်သွားတာမျိုးတော့ မရှိဘူးလို့ လားရှိုး – ကွတ်ခိုင် ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

လားရှိုး – မိုင်းယော် – လောက်ကိုင်လမ်းမှာလည်း MNDAA ဘက်က စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဆိုပါတယ်။

မျက်မြင်ယာဉ်မောင်း တစ်ဦးကလေည်း “တနေကုန် ကားလမ်းတွေ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေတာ။ တိုက်ပွဲ ဖြစ်လို့လေ။ ကျနော့်ရှေ့မှာတင် ကိုးကန့် ၂ ယောက်ထိသွားတယ်။ ဘက်ထရီ ဆိုင်ကယ်နဲ့။ တစ်ယောက်က ကျည်ထိပြီး လမ်းဘေးမှာ လဲကျ သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ခြေထောက်ထိတယ်။ ဆိုင်ကယ် ပစ်ထားခဲ့ပြီး ထော့နဲ့ ထော့နဲ့ နဲ့ ထွက်ပြေးသွားတယ်” လို့ သူက ရှင်းပြပါတယ်။

နမ့်စလပ် နဲ့ သိန္နီ လမ်းတလျှောက် MNDAA စစ်သားတွေ အများအပြား စစ်ကြောင်းထိုးလာတာတွေ့ရပြီး သိန္နီမြို့မှာလည်း MNDAA စစ်သားတွေပြည့်နေတာတွေ့ရတယ်လို့အဲဒီယာဉ်မောင်းက ပြောပါတယ်။

ဒေသခံတချို့ကတော့ သိန္နီဘက် စစ်ကြောင်းချီလာတဲ့ MNDAA တပ်ဖွဲ့ကို SSPP/SSA တွေက ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလာတယ်လို့ ပြောပါတယ်။

SSPP/SSA ဘက်ကလည်း မတ်လ ၂၆ ရက်နေ့ကစ မတ်လ ၂၇ ရက်နေ့အထိ SSPP/SSA တပ်စခန်းရှိရာဘက် MNDAA တပ်ဖွဲ့က တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ရာက နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားလာကြောင်း၊ နှစ်ဖက် ဆွေးနွေးမှု နဲ့ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဆွေးနွေးမှု အဆင်မပြေပဲ ဒေသခံပြည်သူတွေကို ထိပါး လာပါက SSPP/SSA အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

MNDAA တပ်ဖွဲ့တွေက ၁၀၂၇ ကာလအတွင်း သိမ်းပိုက်ထားတဲ့ MNDAA ထိန်းချုပ်ထားတဲ့ ကြူကုန် (ပန်ဆိုင်း) မြို့မှာတော့ ဒေသခံ ပြည်သူလူထုတွေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွေ့ဆုံ စည်းဝေးလုပ်ချိန်မှာ KIA နဲ့ SSPP/SSA တွေကို စစ်ယူနီဖောင်းဝတ်ဆင်ပြီး မြို့ထဲ ဝင်ခွင့် မပြုရန်၊ လက်နက်ကိုင်ဆောင်ပြီး မြို့ထဲ ဝင်ခွင့်မပြုဖို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နမ့်စလပ်အနီး ဝန်းကျင်မှာလည်း ဒီကိစ္စကြောင့် ၂ဖက် ပွတ်တိုက်မှုရှိလာတာ ဖြစ်ဖို့များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA နဲ့ SSPP/SSA တို့ဟာ ‘ဝ’ တပ်ဖွဲ့ UWSA က ဦးဆောင်ပြီး မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့ပါဝင်တဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ – FPNCC အဖွဲ့ဝင်တွေဖြစ်ပါတယ်။

MK – 004, CJ – 008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now