ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မဲခေါင် 27 Mar - 2024
မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

လင်းမောင်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

တရုတ်နည်းပညာကုမ္ပဏီတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်စေခိုင်းမှု အောက်ကနေ တခြားသော နိုင်ငံရဲ့ ပုဂ္ဂလိကဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ၊ အစိုးရ လျှို့ဝှက်မှတ်တမ်းဆိုင်ရာ အချက်အလက်တွေကို ယုတ်မာတဲ့နည်းနဲ့ ခိုးယူခိုင်းနေတဲ့ အန္တရာယ်ရှိနေလို့ လွှတ်တော်ကနေ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။ ပုံမှန်အမြင်အရဆိုရင်တော့ ဗီဒီယိုအတိုလေးတွေသာတင်တဲ့ Tiktok ပေါ်မှာ ချစ်စရာ၊ ဖြူစင်တဲ့ ဗီဒီယိုဖိုင်လေးတွေ တင်ပြီး ပျော်ရွှင်ကျေနပ်မှုကို ဖြစ်စေတယ်ဆိုပေမယ့် ဒီနောက်ကွယ်မှာ ပေကျင်း အစိုးရဟာ ထရိုဂျန်မြင်းကြီးအလား အမေရိကန်စားသုံးသူတွေ၊ အစိုးရအခြေခံအဆောက်အအုံတွေဆီ အတားအဆီးမရှိ ဝင်ရောက်နိုင်ပြီး အချက်အလက်စုဆောင်မှု၊ အချက်အလက် သူလျှိုလုပ်ခိုးယူမှုတွေ လုပ်နေ ကြောင်းကို မီးမောင်းထိုးပြလိုက်တဲ့ ဥပမာပါပဲ။

အဓိကအကြောင်းတရားက ပုဂ္ဂလိက တရုတ်ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ နည်းပညာပလက်ဖောင်းတွေကနေ အသေးစိတ်သော ပြည်တွင်းပြည်ပ နိုင်ငံသားအားလုံးဆီက အချက်အလက်တွေကို မဟာဗျူဟာနည်းကျကျ ခိုးယူ ခြင်းကနေ နိုင်ငံအာဏာနဲ့ ထောက်လှမ်းရေးယန္တရား တိုးချဲ့မြှင့်တင်မှုတွေကို တရုတ်အစိုးရက ရယူနေတာ ပဲဖြစ်တယ်။ Tiktok ကို တီထွင်ဖန်တီးထားတဲ့ ကုမ္ပဏီက ပေကျင်းအခြေစိုက် ByteDance ကုမ္ပဏီဖြစ်ပေမယ့် တရုတ်နိုင်ငံမှာ အမြဲတမ်း စွဲမြဲတည်ရှိနေခဲ့တဲ့ ပြင်းထန်လွန်းတဲ့ တရုတ်ကွန်မြူနစ်ပါတီ စည်းကမ်းချက် လက်တံ တွေအောက်မှာသာ တီထွင်ထားရတာဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ တရုတ်အစိုးရအတွက် ထုတ်လုပ် သမျှသောနည်းပညာ ကုမ္ပဏီတွေက ထောက်လှမ်းရေးအချက်အလက်တွေအားလုံးကို ရယူစုဆောင်းပေးရတယ် ဆိုတာပဲ။ ရရှိထားပြီးဖြစ်တဲ့ သတင်းအချက်အလက်တွေအရ Tiktok ကို တရုတ်အစိုးရက လူတစ်ဦးချင်းစီ၊ အတိုက်အခံ၊ ဂျာနယ်လစ်တွေဆီက ရသမျှ အချက်အလက်တွေ ဖောက်ယူထောက်ပံ့ပေးနေရတာ သိကြရပြီး ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကနေ သဘောထားမတူကွဲပြားသူတွေကို ထိုးဖောက်စောင့်ကြည့်တာ၊ နှိမ်းနင်း နှိပ်ကွပ်တာတွေ လုပ်နိုင်စေဖို့ လုံလောက်တဲ့ ရင်းမြစ်တွေကို ရယူတယ်။

အမေရိကန်မှာ အစိုးရက အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်လုံခြုံမှုအခွင့်အရေးတွေကို အပြန်အလှန်ထိန်းကျောင်နိုင် ရေးမူဝါဒနဲ့ Google လို၊ Facebook လို ကုမ္ပဏီကြီးတွေကို စောင့်ကြည့်ပြီး တိကျတဲ့စည်းမျဉ်းဥပဒေတွေနဲ့ တရားစွဲဆိုမှုတွေ လုပ်ပေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်နည်းပညာကုမ္ပဏီတွေအပေါ် ချမှတ်ပေးထားတဲ့ လမ်းညွှန်ချက်ကတော့ ဒီမိုကရက်တစ်နိုင်ငံတွေဆီက ရနိုင်သမျှသော အချက်အလက်တွေကို ဖောက်ယူပြီး သူတို့ ဆီ ပေးဖို့ပဲ ဖြစ်တယ်။ လူ့အသိုင်းအဝိုင်းထဲက တစ်ဦးချင်းစီရဲ့ ရနိုင်သမျှသော အချက်အလက်တွေကို ယူထားရုံ မက ဒီအချက်အလက်တွေကနေ အမျိုးသားအကျိုးစီးပွားရှာဖွေဖို့ သီးသန့် အသုံးချတယ်။ Tiktok ရဲ့ အချက်အလက်စုဆောင်းခြင်း စွမ်းရည်ဟာ အပြစ်ကင်းစင်တဲ့ လူမှုမီဒီယာအပြန်အလှန်ဆက်သွယ်မှုနယ်ပယ် ကိုပါ ကျော်လွန် ထိုးဖောက်တယ်။

ဒီအက်ပလီကေးရှင်းသုံးစွဲသူရဲ့ စက်ပစ္စည်းထဲက ထိရှလွယ်နေရာအတွင်း ပိုင်းအထိ အနှောင့်အယှက်ပေးပြီး ဝင်ရောက်ခွင့်ကို တည်ဆောက်ထားတယ်။ အသုံးပြုသူရဲ့ အပြုအမူတွေကို စောင့်ကြည့်နိုင်သလို ရင်းနှီးတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုဆောင်းရယူနိုင်တယ်။ တစ်ဦး ချင်းရဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို လူ့အခွင့်အရေးချိုးဖောက်ပြီး ဘာမှ ဂရုမစိုက်ဘဲ အာဏာရှင်အစိုးရရဲ့ မူဝါဒ ကို တရုတ်တို့ ကျင့်သုံးခြင်းဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်လာနေတယ်။ သူတို့လက်တံက တရုတ် နိုင်ငံသားတွေကို ပြည်တွင်းမှာပဲ စောင့်ကြည့်နေနိုင်ရုံမက အမေရိကန်လည်းမလွတ်၊ တစ်ကမ္ဘာလုံးကို စောင့်ကြည့်ထိန်းချုပ်နိုင်စွမ်းရဖို့ကို ခန့်မှန်းမရနိုင်တဲ့ ထောက်လှမ်းမှုတွေ လုပ်ယူနေတာမျိုးပဲ။

TikTok က ဖြစ်ပေါ်လာစေတဲ့ ဘေးအန္တရာယ်တွေကတော့ တရုတ်နည်းပညာကုမ္ပဏီတွေနဲ့ တရုတ်ကွန်မြူနစ် ပါတီအကြား ရှုပ်ထွေးပွေလီတဲ့ ဆက်ဆံမှုတွေကနေ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု သင်္ကေတဖြစ်နေစေတာပါပဲ။ ဥပမာ Huawei တယ်လီကွန်းကုမ္ပဏီ ကိစ္စ။ အမေရိကန်က အမျိုးသား လုံခြုံ ရေးအတွက် ဒီကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်။ သုံးစွဲသူတွေ နစ်နာစေပေမယ့် ဒီကုမ္ပဏီ ထုတ်ကုန် တွေဟာ တရုတ် စစ်တပ်နဲ့ ထဲထဲဝင်ဝင်ပတ်သက်နေပြီး အရေးပါတဲ့ အဆောက်အအုံတွေ၊ ကွန်ရက်တွေဆီက ကြားဖောက် ရယူတဲ့ hardware နဲ့ software တွေ ထည့်သွင်းထားတာကို စုံစမ်းဖော်ထုတ်နိုင်ခဲ့လို့ ပိတ်ပင်ခဲ့ တာဖြစ်တယ်။ အမေရိကန်မှာ Tiktok ကို ဆက်လက်ထောက်ခံသူတွေရှိပြီး အမေရိကန် နည်းပညာ ကုမ္ပဏီကြီး တွေဖြစ်တဲ့ Google နဲ့ Facebook တောင် အသုံးပြုသူ အချက်အလက်အများအပြားကို စုဆောင်းရယူထားတာပဲလို့ စောဒက တက်ကြတယ်။ ဒါပေမဲ့ အမေရိကန်ကုမ္ပဏီတွေဘက်က ဒီအချက်အလက်တွေကို ကိုင်တွယ်ပုံနဲ့ တရုတ် အစိုးရရဲ့ ကိုင်တွယ်ပုံက အခြေခံစည်းမျဉ်းတွေအရကို ခြားနားလွန်းပါတယ်။ အမေရိကန်ကုမ္ပဏီတွေဘက်မှာ ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရတယ်လို့ ခံစားရရင် တရားပြန်စွဲခွင့်ရှိတယ်။ ပြန်လည်ဖြေရှင်းပေးရမယ့် တာဝန်ခံမှုအတွက် နည်းလမ်းထုတ်ပြန်ပေးထားပြီး ဥပဒေဘောင်အတွင်းက တုံ့ပြန်နိုင်တယ်။ တရုတ် အစိုးရက တော့ ဒီလိုဖောက်ထွင်းရရှိတဲ့အချက်အလက်တွေကို တိုင်းပြည်အစိုးရအာဏာ ပိုကြီးထွားစေဖို့ ကုမ္ပဏီတွေ အချက်အလက်သာ ပေးစေပြီးဘာမှ ဝင်စွက်ဖက်ခွင့်ထပ်မပေးတော့ဘဲ သူတို့ အသုံးချချင်တဲ့နေရာမှာ ဘယ်သူ့ကို မှ မဖွင့်ချဘဲ သုံးချင်သလို သုံးစွဲတယ်။

တရုတ်နဲ့အမေရိကန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံး ယှဉ်ပြိုင်ဘက်နိုင်ငံတွေဖြစ်တာကြောင့် Tiktok ကနေ သူလျှို ခြိမ်းခြောက်မှုပြင်းထန်လာခြင်း၊ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကာကွယ်ရေးအတွက် ခြိမ်းခြောက်မှု ပိုတိုး ပွားလာလို့ ချက်ချင်းကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပိတ်ဆို့နိုင်ရေး လုပ်ငန်းစဉ်တွေကို အလေးပေး လုပ်ဆောင်လာ ရတာပဲဖြစ်ပါတယ်။ ဒါကို ဆက်အသုံးပြုခွင့်ပေးနေခြင်းဟာ တရုတ်အစိုးရလက်ထဲကို အမေရိကန် စားသုံးသူတွေ၊ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ၊ ကုမ္ပဏီတွေဆီက အချက်အလက်တွေအားလုံး ပေးနေရသလိုဖြစ်ခြင်း ဟာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတိုင်း အခွင့်အရေးကိုသာမက နိုင်ငံရဲ့ ရေရှည်မဟာဗျူဟာအသာစီးရမှု စီမံကိန်း တွေကိုပါ ထိုးပေးလိုက်ရတာမျိုးဖြစ်သွားစေပါလိမ့်မယ်။

ဒါကြောင့် အမေရိကန်လွှတ်တော်အမတ်တွေ၊ ဥပဒေပြုသူတွေဟာ ကိုယ့်နိုင်ငံ အကျိုးစီးပွားတွေကို တရုတ် ကွန်မြူနစ်ပါတီလက်ထဲ ၀ကွက်မအပ်ရစေဖို့ Tiktok ကို ပိတ်သိမ်းရေး၊ အမေရိကန်ထိန်းချုပ်မှုအောက်ရောက် ရေး အဆိုမှာ မဆုတ်မနစ် အကောင်အထည်ဖော်ဖို့ ကြိုးစားရမှာပါ။ သုံးစွဲသူတွေအတွက် စီးပွားရေးမက်လုံး ပေးထားမှုတစ်ခုတည်းကိုကြည့်ပြီး ပေါ်လစီချမှတ်သူတွေ မျက်လုံးကန်းမနေသင့်ဘူး။ တရုတ်ရဲ့ ဒီလို ကြား ဖောက်အချက်အလက်ရယူနေခြင်းတွေက ခုမှမဟုတ်ဘဲ ထပ်ကာထပ်ကာ ရှိနေခဲ့တာဖြစ်ပြီး ပြိုင်ဘက်နိုင်ငံတွေ ရဲ့ ဒီမိုကရက်တစ်တန်ဖိုးကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ စစ်ရေးနည်းပညာပိုင်းတွေ ခိုးယူပြီး အသားစီးရစေဖို့အထိ လက်တံရှည်နေတဲ့အထိ တစ်ဆုံး ရှုမြင်နိုင်ရမှာဖြစ်ပါတယ်။

Tiktok ကို အမေရိကန်မှာ ကော်ပိုရိတ်ပိုင်ဆိုင်မှုဖြစ်စေဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ လွန်ဆွဲနေခြင်းဟာ စျေးကွက် ပြိုင်ဆိုင်မှုသက်သက်မဟုတ်ပါဘူး။ လွတ်လပ်တဲ့ ဒီမိုကရက်တစ်လူ့အသိုင်းအဝိုင်းနဲ့ အာဏာရှင်အုပ်ချုပ်မှု အောက်က ဖိနှိပ်ခံလူ့အသိုင်းအဝိုင်းကြား မဏ္ဍိုင် ၂ ရပ် ဖြစ်တည်မှုအတွက် အတွေးအခေါ်ပိုင်း လွန်ဆွဲမှုအထိ ကျယ်ပြန့်စွာ သက်ရောက်နေပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီနဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲမှာ ကျဆုံး ခဲ့မယ်ဆိုရင် အမေရိကန်လုံခြုံရေးတစ်ခုတည်းအတွက်သာ ထိခိုက်သွားစေတာမျိုးမဟုတ်ပါဘူး။ တရုတ်ရဲ့ ရည်မှန်းချက်က တစ်ကမ္ဘာလုံးအပေါ် ဒစ်ဂျစ်တယ်ဖိနှိပ်ချုပ်ခြယ်မှုမော်ဒယ်ကို ကျင့်သုံးရင်း အာဏာနဲ့ ထိန်းချုပ် နိုင်စွမ်းကို တစ်ကမ္ဘာလုံး ဖြန့်ကျက်ရေးဖြစ်လို့ အားလုံးနဲ့ပတ်သက်တဲ့ ကျဆုံးမှု ဖြစ်လာစေတာပဲဖြစ်ပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now