မြန်မာ့နွေဦး

ဓနု ၁၀၀၃ တပ်ရင်း ပြည်သူလူထုပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းမမှန်ကန်

မဲခေါင် 25 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသအခြေစိုက် ၁၀၀၃ တပ်ရင်းက ဒေသခံပြည်သူလူထု၏ ပစ္စည်းဥစ္စာများအားကားများဖြင့် လာရောက်ခိုးယူနေသည် ဆိုသည့် Mawshan Myay Media (Telegram Channel) ပါသတင်းမှာ ဝါဒဖြန့် Post တစ်ခုသာဖြစ်ပြီး အမှန်တကယ်မဟုတ်ကြောင်း မတ်လ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၂၅

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသအခြေစိုက် ၁၀၀၃ တပ်ရင်းက ဒေသခံပြည်သူလူထု၏ ပစ္စည်းဥစ္စာများအားကားများဖြင့် လာရောက်ခိုးယူနေသည် ဆိုသည့် Mawshan Myay Media (Telegram Channel) ပါသတင်းမှာ ဝါဒဖြန့် Post တစ်ခုသာဖြစ်ပြီး အမှန်တကယ်မဟုတ်ကြောင်း မတ်လ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ကောင်စီကိုအားပေးထောက်ခံတဲ့ မတ်လ ၂၀ ရက်က ဝါဒဖြန့်သတင်းတွင် ဓနု ၁၀၀၃ တပ်ရင်းအနေနဲ့ မတ်လ ၁၈ ရက်က”ပြည်သူလူထုများသို့ မေတ္တာရပ်ခံခြင်းနှင့်အသိပေးထုတ်ပြန်ခြင်း” ပါ မှတ်တမ်းဓာတ်ပုံများကို အသုံးပြုကာ ဝါဒဖြန့်မှုလုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဖြေရှင်းထုတ်ပြန်ပါတယ်။

ယင်းဓာတ်ပုံတွေဟာ အကြမ်းဖက်စစ်ကောင်စီတွေ စစ်ကြောင်းထိုးနေတဲ့ ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ ဗန်းမောက်ကျေးရွာနဲ့ နမ့်ဖောမူကျေးရွာတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ညွန်ကြားထားသည့် လူထုအပေါ် လူသားဆန်ဆန် အလေးထားဆက်ဆံရန်၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို အသုံးပြုပါက အသုံးပြုသည့်ကာလအပေါ် အခကြေးငွေပေးချေရန် စည်းမျဉ်းစည်းကမ်းများချမှတ်ထားသည့်အပြင် ဓနုတပ်ရင်းသာမက တော်လှန်ရေးမဟာမိတ်အင်အားစု များဟာ တိုက်ပွဲမဖြစ်မီ၊ တိုက်ပွဲဖြစ်ပြီး လူထုအသက်တွေကို ကာကွယ်ဖို့၊ လူထုနေအိမ်တွေက ပစ္စည်းတွေကို ဝင်ရောက်ခိုးယူထာ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ကြဖို့ စစ်ဥပဒေချမှတ်ထားပြီး အားလုံးလိုက်နာလျက်ရှိတယ်လို့ ပြောပါတယ်။

ဓနု ၁၀၀၃ တပ်ရင်းဟာ ဓနုဒေသ၊ ဓနုလူမျိုးတွေအတွက်သာ တိုက်ပွဲဝင်နေတဲ့ တပ်ရင်းမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဘယ်နေရာမဆို သက်ဆိုင်ရာ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်သွားမှာဖြစ်တယ်၊ ဒါကြောင့် စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ Media တွေရဲ့ ရေးသားဖြန့်ဝေမှုတွေကိုမယုံကြည်ကြဖို့ မေတ္တာရပ်ခံတယ်လို့ ပါရှိပါတယ်။

ယင်း `Mawshan Myay Media (Telegram Channel) ပါသတင်းအား ရှမ်းသံတော်ဆင့်သတင်းဌာနက အချက်အလက်စစ်ဆေးသူတွေရဲ့ စစ်ဆေးမှုအရသတင်းတု သတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ယနေ့ မတ်လ ၁၅ ရက် သတင်းတွင် ဖော်ပြထားပါတယ်။

MK-012

MeKongNews

ဓနု

တပ်ရင်း

စစ်ကောင်စီ

ခိုးယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now